အပိုင်း ၁၇ ( မပေါင်းစည်းနိုင်တဲ့ ဝိညာဥ်တစ်စိတ်တစ်ပိုင်း)

3.7K 389 4
                                    

Unicode

အပိုင်း ၁၇( မပေါင်းစည်းနိုင်တဲ့ ဝိညာဥ်တစ်စိတ်တစ်ပိုင်း)

ကာလတစ်ခုလွန်မြောက်ပြီးနောက်..
ရှန်ဟုန်မင် ဂူပိတ်ကျင့်ကြံရာက ထွက်လာနိုင်ခဲ့ပြီ..
သူ့ရဲ့ကျင့်ကြံဆင့်ဟာလည်း သူ့ရှစ်စွမ်း သူ့အဖေတို့ထက်သာလွန်သွားပြီ..
အဲဒါက ရှစ်စွမ်းကို ကယ်တင်ချင်တဲ့ စိတ်လေးတစ်ခုကြောင့်ပါပဲ..

" ဟုန်မင်..မင်းဒီလောက်အချိန်လေးအတွင်းမှာ အများကြီးတိုးတက်သွားတာပဲ.."

ဂိုဏ်းချုပ်ရန်က သူ့မျက်လုံးများကို ပြူးကျယ်ကာ မေးလာသည်..

" အဖေ..ဂိုဏ်းချုပ်ရန်...ကျင့်ကြံသူ အင်အားစုတာ ဘယ်လိုနေလဲ.."
" အကုန်အဆင်ပြေတယ်..ယဲ့ဟန်ဂိုဏ်းက ကျန်တဲ့ အင်အားတွေလည်းရတယ်..တခြားဂိုဏ်းငယ်တွေနဲ့ ငါတို့နှစ်ဂိုဏ်းရဲ့ အင်အားတွေပေါင်းရင် လိုအပ်တာထက်ပိုတယ်.."
" ပြီးတော့ သူတို့ရဲ့ ကျင့်ကြံဆင့်အတွက် ဝိညာဉ်ဆေးတွေအများကြီးကိုလည်းထောက်ပံ့ထားတယ်.."

ဟုန်မင် လက်သီးကို ကျစ်နေအောင် ဆုပ်ထားမိသည်..
ရှစ်စွမ်းရဲ့တပည့်မို့ ရှစ်စွမ်းလိုပင် နည်းဗျူဟာပိုင်းတွင် တပါးလူထက်သာပြီးသား..
သူ့ရဲ့ ရွဲ့မင်ဓားရဲ့ နတ်ဝိညာဉ်ဓားသိုင်းနဲ့ ရှစ်စွမ်းရဲ့ မက်မွန်ကြွေလွှာသိုင်းကို ပေါင်းလိုက်တဲ့နောက် သိုင်းပညာကလည်း ပြောစရာမလိုတော့...

ဟုန်မင် ပိုင်စဲ့တောင်ထိပ်ကို ပြန်လာခဲ့သည်..
ရှစ်စွမ်းမရှိပေမဲ့ နေရာတကာ ရှစ်စွမ်းရဲ့ ပုံရိပ်လေးတွေချည်းတွေ့ရသည်..

" ဟုန်မင်..မင်းက ဆရာလား..ငါက ဆရာလား.."
.
" ရှန်ဟုန်မင်..သွား. အဆောင်ရှေ့ ဒူးထောက်နေချေ.."
.
" ဒီနေ့တော့ လေ့ကျင့်တာတော်လောက်ပြီ..သွားနားတော့.."
.
" ရှန်ဟုန်မင်..မင်းအသက်ကဖြင့်ကြီးနေပြီ.ဒီရှစ်စွမ်းကို ကလေးလိုချွဲမနေနဲ့တော့."
.
မက်မွန်သေရည်သောက်ပြီး အရသာခံကာ အပြုံးမမည်တဲ့ အပြုံးကို ပြုံးနေတတ်တဲ့ရှစ်စွမ်း..
အမြဲ သေရည်ပိုသောက်မိလို့ သူချီပွေ့ခဲ့ရတဲ့ ခန္တာကိုယ်သေးသေးလေး..
လွမ်းတယ်..ရှစ်စွမ်း..
ရှစ်စွမ်းရော.ဘယ်လိုနေလဲ ခနပဲစောင့်ပါ..ခနေလးပဲ..ကျနော်လာခဲ့မယ်..အဲဒီအချိန်ထိ ဘာမှမဖြစ်ပဲ စောင့်နေပေးပါ..

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Where stories live. Discover now