Unicode
အပိုင်း ၄
ပိုင်ယွီ သူ့တပည့်လေးတွေကို မွေးမြူလာတာ နှစ်ပတ်ခန့်ရှိပြီဖြစ်သည်...
တစ်ခါတစ်ခါ သူဟုန်မင်နဲ့စာတွေ့ဆွေးနွေးသည်..
ပြီးရင် သူ့ကိုယ်တိုင်တီထွင်ထားတဲ့ မက်မွန်ကြွေလွှာသိုင်းကို သင်ပေးဖြစ်သည်..
ကျန်တာ ထွေထွေထူးထူးမရှိ ပေါ့ပေါ့ပါးပါး..
ပိုင်လီကတော့ စာရေးဖို့စာဖတ်ဖို့သာမက သူ့ရဲ့မိစ္ဆာသွေးတွေကို ထိန်းချုပ်နိုင်အောင်သင်ပေးရသည်မို့ ပိုမိုတင်းကျပ်ဖြစ်သည်..
အမှန်ခြုံကြည့်ပါလျှင် သူ့ရဲ့အချိန်တွေကိုပိုင်လီနဲ့သာ ပိုမိုကုန်ဆုံးဖြစ်နေသည်..
သို့ပေမဲ့ အခုတော့ ဟုန်မင်ကို စိတ်ငြိမ်အောင် တရားထိုင်ခိုင်းထားတဲ့အပြင် အဆော့မက်တဲ့ ပိုင်လီကိုလည်း ဒူးထောက်ထားခိုင်းပြီး အပြစ်ပေးထားတာမို့ သူအားနေပါသည်..
ဒါကြောင့်..'' မက်မွန်ဧကရာဇ်က အကောင်းဆုံးပဲ..''
ပိုင်စဲ့တောင်က ရှန်ဂိုဏ်းသားတွေနဲ့အသက်ဝင်နေပေမဲ့ သူကတော့ သူ့ရဲ့သီးသန့်နယ်မြေမှာ မျက်ဝန်းတို့ကို မှေးမှိတ်လျက်..
'' ပိုင်ယွီ..ပိုင်ယွီ..မင်းဘယ်မှာလဲ..''
နားထဲတိုးဝင်လာတဲ့ အသံနဲ့အတူ သူလက်ကို ဆန့်တန်းလိုက်တော့ လက်ထဲအလိုက်သင့်ပါလာတဲ့ စက္ကူငှက်လေး..
ထိုငှက်က စိတ်ဝိညာဥ်အဆက်အသွယ်ပင်..
ဘယ်သူလွှတ်လဲပြောစရာမလို ဆရာတူအကိုရှန်ယန်ဟန်မှန်းသိနေပြီဖြစ်သည်..
ကြည့်ရတာ သူ့ကို မတွေ့လို့ ငှက်ကိုရှာခိုင်းပုံရသည်..
ပိုင်ယွီ ပျင်းတွဲစွာထလိုက်ရင်း ရှန်ယန်ဟန်ရှိနေမည့် မက်မွန်စံအိမ်ရဲ့ ခန်းမဆောင်ကိုသာ သွားလိုက်တော့သည်..'' ပိုင်ယွီ..''
'' အလောတကြီး..ဘာဖြစ်လာတာလဲ..''ပိုင်ယွီတည်ငြိမ်စွာမေးရင်း ဝင်သွားလိုက်သည်..
ရှန်ယန်ဟန်က သူ့ရှန်ဂိုဏ်းသား တစ်ချို့ကို မျက်ရိပ်ပြလိုက်တော့ အဝတ်အုပ်ထားတဲ့အရာတစ်ခုကို မ သယ်လာကြသည်..'' လှန်လိုက်..''
ရှန်ယန်ဟန် စကားအတိုင်း အဝတ်ကိုလှပ်လိုက်တော့ လူအလောင်းဟုပင်ပြောရခက်သော လူအလောင်းတစ်လောင်း..
မျက်နှာကား ပြောင်ချောကြီးဖြစ်လျက် ဆံပင်တို့က မီးကျွမ်းထားသည့်အလား..
ခန္ဓာကိုယ်ကတော့ အသားစများလန်နေပြီး အကြောတွေက အပြင်ကို ထိုးထွက်နေသည်မှာနွယ်ရှင်များအတိုင်း..
YOU ARE READING
နွေဦးမက်မွန်တို့နဲ့အတူ(Complete)
General Fictionကိုယ်ဘာသာကိုယ်နေတာ အကောင်းကြီးပါ.. ထသွားမှကျိုးမှန်းသိဆိုသလို တပည့်မွေးလိုက်ကာမှ တောင်သခင်ရှောင်ပိုင်ယွီဆိုတဲ့ သူ့ရဲဘဝကြီးငါးပါးကို မှောက်တော့တာပဲ.. တစ်ယောက်ယောက်တော့ ပြောပြပေးကြပါဦး.. သူပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပျိုးထောင်ခဲ့တဲ့ တပည့်က ဘယ်လိုလုပ်...