Unicode
Attention👑👑
ဒိိီအပိုင်းက ယွီယွီလေးရဲ့ နောက်ကြောင်းပြန်မှာမို့လို့ အကျဥ်းချုံးသဘောလေးပါပဲ...ပုံပြင်ဆန်ဆန်လေးပဲတွေ့ရမှာပါ..
စကားပြောတာတွေလဲ သိပ်မပါပါဘူး..
😁😁 မျက်လုံးနောက်သွားရင် ဆောတီး..အပိုင်း ၇
ပိုင်ယွီ အသက် ဆယ့်ရှစ်နှစ်..
ဒီကာလမှာ နတ်ဝိညာဥ်ဂိုဏ်းတွေက စည်းလုံးကြဆဲ..
အင်အားကြီးဂိုဏ်းတွေဖြစ်တဲ့ ရှန်ဂိုဏ်း၊ရန်ဂိုဏ်း ၊ ယဲ့ဟန်ဂိုဏ်း ၊ လင်းချွီဂိုဏ်းလေးဂိုဏ်းက ကျင့်ကြံခြင်းလောကငမိစ္ဆာတွေကို အတူတကွ သုတ်သင်ခဲ့ကြသည်..
လူငယ်မျိုးဆက်တွေကလည်း ထင်ပေါ်ခဲ့ကြသည်..ရှန်ဂိုဏ်းရဲ့ ရှန်ယန်ဟန်..
ရန်ဂိုဏ်းရဲ့ ထန်ရန်ဟူ
ယဲ့ဟန်ဂိုဏ်းရဲ့ ယဲ့လူရန်
ဂိုဏ်းတစ်ဂိုဏ်းစီမှာ ကျော်ကြားတဲ့ တပည့်တစ်ယောက်စီသာရှိကြပေမဲ့ လင်းချွေ့ဂိုဏ်းကတော့ လော့နဲ့ ဖေးယောင်ဆိုတဲ့ တပည့်နှစ်ယောက်ကို မြေတောင်မြှောက်ပေးနိုင်သည်မို့ လင်းခချွေ့ဂိုဏ်းချုပ် ဖေးယွင်က ဂုဏ်တစ်မြောက်မြောက်ဖြစ်နေခဲ့သည်..'' ပိုင်ယွီ.. ရှစ်စွမ်းကို ဂါဝရပြုပါတယ်..''
'' ပိုင်ယွီတဲ့လား..လာပါဦး..ရှစ်စွမ်း မင်းကို စစ်ဆေးပါရစေဦး..''
'' .... ''ထူးခြားတဲ့တော်ဝင်မျိုးတစ်ယောက်ကို နောက်ဆုံးတပည့်အဖြစ်လက်ခံလိုက်တဲ့သူဟာ ရှန်ဂိုဏ်းရဲ့ဘိုးဘေးဆရာဘိုးဘိုးကြီးပင်..
သူဟာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ သူတော်စင်ဂိုဏ်းရဲ့တစ်ဦးတည်းသောအနွယ်ဝင်လည်းဖြစ်လေသည်..
သူ့ဘဝမှာ ဘယ်တပည့်မှ လက်မခံတော့ပေမဲ့ ဒီကလေးကို တွေ့တဲ့အခါမှာ စိတ်ပြောင်းသွားခဲ့သည်..'' ယန်ဟန်..ဒါ မင်းရဲ့ဆရာတူညီလေးပဲ.''
'' ဆရာတူညီလေး..ဒါဆို ကျနော်က ရှစ်စွမ်းရဲ့တပည့်အငယ်ဆုံးမဟုတ်တော့ဘူးပေါ့..''ရှန်ယန်ဟန် ပျော်ရွှင်စွာ ခုန်ပေါက်ပြီးသူ့ရဲ့ဆရာတူညီလေးကို စကားသွားပြောခဲ့သည်..
'' ငါက မင်းရဲ့ဆရာတူအကို ရှန်ယန်ဟန်..မင်းနာမည်ကရော..''
'' .... ''
'' ဟမ်..''အေးတိအေးစက်နဲ့ သူ့ကိုကြည့်လာတဲ့ညီငယ်လေးကြောင့် ယန်ဟန်ဆွံ့အသွားသည်..
အတန်ကြာမှ ထိုညီလေးက..
YOU ARE READING
နွေဦးမက်မွန်တို့နဲ့အတူ(Complete)
General Fictionကိုယ်ဘာသာကိုယ်နေတာ အကောင်းကြီးပါ.. ထသွားမှကျိုးမှန်းသိဆိုသလို တပည့်မွေးလိုက်ကာမှ တောင်သခင်ရှောင်ပိုင်ယွီဆိုတဲ့ သူ့ရဲဘဝကြီးငါးပါးကို မှောက်တော့တာပဲ.. တစ်ယောက်ယောက်တော့ ပြောပြပေးကြပါဦး.. သူပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပျိုးထောင်ခဲ့တဲ့ တပည့်က ဘယ်လိုလုပ်...