အပိုင်း ၈( တပည့်ငယ်အတွက် လက်ဆောင်)

3.3K 454 4
                                    

Unicode..

အပိုင်း ၈

ချွင်..ချလွင်..ချွမ်..
ဓားချင်းထိခတ်သံ ကြုံးဝါးသံတွေက တောတစ်ဝိုက်မှာ ပျံ့နှံ့လို့..
ခနအကြာမှာတော့ တိုက်ခိုက်သံတွေရပ်သွားပြီး လုလင်တစ်ဦး၏ အသံထွက်လာသည်..

'' ဆရာတူအကို..ဒီပျင်းစရာကောင်းတဲ့ မိစ္ဆာသုတ်သင်ရေးကို ဘာလို့ခေါ်လာတာလဲ..''
'' ပိုင်ယွီရာ မင်းတပည့်တွေက လိမ္မာပါတယ်..စိတ်မပူနဲ့..''

မိစ္ဆာအလောင်းတွေကိုကျော်ခွရင်း ပိုင်ယွီ နှာခေါင်းရှုံ့လိုက်သည်..
မိစ္ဆာသုတ်သင်ရေးခရီးက သုံးရက်ဆိုပြီး ငါးရက်ခန့်ကြာနေပြီဖြစ်သည်..

'' တော်ပြီ..ကျနော်ပြန်တော့မယ်..''

နတ်ဆိုးဝိညာဥ်ဂိုဏ်းက မိစ္ဆာမှန်သမျှအကုန်လိုက်ရှင်းရတာ ပျင်းဖို့တောင်ကောင်းလာပြီဖြစ်သည်..
နတ်ဆိုးကျင့်စဥ်ပုံစံနဲ့ဆင်ဆင်တူတာတောင် မတွေ့ရ..
ထိုနတ်ဆိုးကျင့်စဥ်သုံးသတ်ထားတဲ့ အလောင်းအကြောင်းဟာဆိုရင် လမ်းစပျောက်သလောက်ရှိနေပြီဖြစ်သည်..
ထိုစဥ်..
အလောတကြီးပြေးလာသော ရှန်ဂိုဏ်းသားတစ်ယောက်..
ပိုင်ယွီကတော့ အမှတ်တမဲ့သာ..
ထိုဂိုဏ်းသားက.

'' တောင်သခင်ရှောင်..ဂိုဏ်းချုပ်ရှန်..ပိုင်..ပိုင်စဲ့တောင်..''
'' ပိုင်စဲ့တောင် ဘာဖြစ်လဲ..''
'' နတ်ဆိုးကျင့်စဥ်..''

ဂိုဏ်းသားလေးရဲ့ စကားမဆုံးခင်မှာပင် ပိုင်ယွီပျောက်သွားပြီဖြစ်သည်..
သူ့အနေနဲ့ ဒီရှန်ဂိုဏ်းသားတွေကို စိတ်ချပြီး သူ့တပည့်လေးတွေကို မထားခဲ့သင့်ဘူး..
သူပိုစိုးရိမ်တာက ပိုင်လီကိုပင်..

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ရှစ်စွမ်းမရှိတဲ့အချိန် ပိုင်လီနဲ့ ဟုန်မင်က တကျတ်ကျတ် ရန်ဖြစ်နေကျ..

'' မင်းလို သွေးနှောကောင်ကို ရှစ်စွမ်းက မလိုဘူး..''
'' မင်းလို ဘဝင်မြင့်တတ်တဲ့ ကောင်ကိုလည်း ရှစ်စွမ်းကမကြိုက်ဘူး..''
'' ငါ့ကို ပြန်မပြောနဲ့ ငါက မင်းရဲ့ဆရာတူအကို..''
'' မင်းသိလား..ရှစ်စွမ်းက ငါ့ကို တပည့်အဖြစ်အရင်လက်ခံခဲ့တာ..''
'' ဘာပဲဖြစ်ဖြစ် သူငါ့ကို ပိုချစ်လို့ တပည့်ကြီးနေရာပေးတာ..''

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Where stories live. Discover now