Unicode
အပိုင်း ၉
'' ရှစ်စွမ်း..ဒါ..''
'' ဒီသိုင်းက ဘယ်လောက်အစွမ်းထက်လဲ ငါကိုယ်တိုင်မသိဘူး..ဒါပေမဲ့..မင်းအတွက်တော့ အသုံးဝင်လိမ့်မယ်ဆိုတာ ဒီဆရာလုံးဝအာမခံတယ်..'''' ရှစ်စွမ်း..''
ပိုင်လီ..သူ့ရှစ်စွမ်းကို ပြေးဖက်လိုက်သည်..
ဒီလူက သူ့ကိုတကယ်မပစ်ထားဘူးပဲ
( A/N.သူပဲအမျိုးမျိုး🙄)ဒီလူရဲ့ နွေးထွေးတဲ့ကိုယ်ငွေ့လေးက သူ့ကိုလုံခြုံစေတယ်..
တကယ်ပဲ ဒီလူကို သူအဆုံးရှုံးမခံနိုင်ဘူး.'' တောက်တဲ့လို ကပ်မနေနဲ့ ဖယ်တော့..မင်းလေ့ကျင့်ဖို့လိုတယ်..''
'' ဟုတ်ကဲ့..တပည့်သိပါပြီ ရှစ်စွမ်း..''ပိုင်ယွီ ဒီကျမ်းကို အကြာကြီးရေးခဲ့ရတာဖြစ်သည်..
နတ်ဆိုးဝိညာဥ်ကျင့်ကြံခြင်းကို သူမသိပေမဲ့ သူရေးဆွဲတဲ့ ဒီသိုင်းကတော့ သေချာပေါက် မိစ္ဆာနဲ့နတ်ဆိုးစွမ်းအင်တွေကို ထိန်းချုပ်နိုင်မှာတော့သေချာသည်..
.
.
.
.
.
.
'' ဟုန်မင်..အဆင်သင့်ဖြစ်ပြီလား..''
'' ဟုတ်ကဲ့ ရှစ်စွမ်း..''
'' စတိုက်ခိုက်တော့..''ပိုင်ယွီ စကားဆုံးတာနဲ့ ဟုန်မင်က လက်သင်္ကေတအချို့ကိုပြုလုပ်ပြီး စတင်တိုက်ခိုက်သည်..
ပိုင်ယွီက ခုခံခြင်းသာပြုလုပ်သည်..
သူတို့နှစ်ယောက် သိုင်းကစားနေခြင်းမှာ မက်မွန်ပွင့်ဖတ်တွေက ဖြာထွက်လျက်..
မက်မွန်ပင်တွေအောက်မှာ မက်မွန်ပန်းတွေလွင့်နေသည့်သဖွယ်..'' အင့်..''
ပိုင်ယွီ ခုခံနေရင်း အသံသေးသေးလေးထွက်ကာ သူ့ရင်ဘက်ကို သူဖိပြီး ယိုင်သွားသည်မို့ ဟုန်မင် သူ့ရဲ့ မက်မွန်ပွင့်ဖတ်တွေကို ပြန်ရုတ်သိမ်းပြီး အနားပြေးသွားလိုက်သည်..'' ရှစ်စွမ်း..တပည့်မှားပါတယ်..''
'' မဟုတ်ဘူး..ရတယ်..''တကယ်လည်း ဒါဟုန်မင်ကြောင့်မဟုတ်ပါချေ..
ပိုင်ယွီ့ဘာသာပိုင်ယွီ နတ်ဆိုးဝိညာဥ်ပြောင်းပြန်သိုင်း တီထွင်ရင်း အတွင်းဒဏ်ရာရခဲ့တာဖြစ်သည်..
ထိုသိုင်းက သူ့ခန္ဓာကိုယ်နဲ့မကိုက်ညီတာကြောင့် သူနဲနဲဒဏ်ရာရသွားခြင်းပင်..'' ပိုင်ယွီ..ဘာဖြစ်တာလဲ..''
'' ဆရာတူအကို..ရန်ဟူ??''ရှန်ယန်ဟန်နဲ့ ထန်ရန်ဟူရောက်လာခြင်းပင် မတည့်တဲ့နှစ်ယောက်က တူတူရောက်လာတာမို့ ပိုင်ယွီပင်အံ့သြသွားမိသည်..
YOU ARE READING
နွေဦးမက်မွန်တို့နဲ့အတူ(Complete)
General Fictionကိုယ်ဘာသာကိုယ်နေတာ အကောင်းကြီးပါ.. ထသွားမှကျိုးမှန်းသိဆိုသလို တပည့်မွေးလိုက်ကာမှ တောင်သခင်ရှောင်ပိုင်ယွီဆိုတဲ့ သူ့ရဲဘဝကြီးငါးပါးကို မှောက်တော့တာပဲ.. တစ်ယောက်ယောက်တော့ ပြောပြပေးကြပါဦး.. သူပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပျိုးထောင်ခဲ့တဲ့ တပည့်က ဘယ်လိုလုပ်...