အပိုင်း ၃( အာရုံနောက်စရာများ မဖိတ်ခေါ်ပဲ ရောက်လာခြင်း)

5.6K 674 2
                                    

Unicode

အပိုင်း ၃

ပိုင်ယွီတစ်ယောက် သူ့ရဲ့တပည့်လေးနှစ်ယောက်ကို ဘယ်လိုသင်ကြားရမလဲ အစီအစဥ်ချနေရသည်..
ဟုန်မင်က နဂိုကတည်းက ရှန်ဂိုဏ်းဆက်ခံသူမို့ သူ့ရဲ့ကျင့်ကြံဆင့်ဟာ တော်တော်မြင့်နေပြီဖြစ်သည်..
ဆယ့်ငါးနှစ်အရွယ်နဲ့မမျှတဲ့ ကျင့်ကြံဆင့်ကိုတောင် ရောက်နေပြီမို့ သူ ထွေထွေထူးထူး သင်ပြစရာ လိုမည်မထင်ပေ..
(A/N ကိုယ်က ရှန်းရှဝတ္ထုတွေဖတ်ပေမဲ့ ကျင့်ကြံဆင့်တွေကို အသေးစိတ်မသိပါဘူး..ဒီနေရာမှာ ကျော်ချ😪😁)

ပိုင်လီကတော့ မိစ္ဆာသွေးနှောဖြစ်သည့်အပြင် ခုမှ..ဒီအရွယ်မှ စကျင့်ကြံမည့် ကလေးမို့ သေချာလမ်းညွှန်ရမည်..
ဒါကြောင့် သူမက်မွန်ပွင့်တွေကနေတစ်ဆင့် တပည့်နှစ်ယောက်ကို အခေါ်လွှတ်လိုက်သည်..

" ရှစ်စွမ်း.."
" ရှစ်..စွမ်း.."

တစ်ယောက်နဲ့တစ်ယောက်ရန်စောင်ရင်း ရောက်လာတဲ့ နှစ်ဦးသား..
ပိုင်ယွီ ဝတ်ရုံကိုလက်တစ်ချက်ခပ်လိုက်ကာ

" လိုက်ခဲ့.."
" ဘယ်ကို.."
ပိုင်လီရဲ့ စပ်စုမေးမြန်းချင်တဲ့ စိတ်ကလေးဟာ ရှစ်စွမ်းရဲ့ စူးရှရှအကြည့်တွေကြား ပျောက်သွားရသည်..
ဟုန်မင်ကတော့ နဲတောင်နဲသေးတယ် ဆိုတဲ့ပုံစံနဲ့..

သူတို့ရှစ်စွမ်းနောက်ကို လိုက်လာရင်း နံရံအလုံပိတ်ထားတဲ့ တစ်နေရာရောက်တော့ ရှစ်စွမ်းက ရပ်လိုက်ကာ သူ့ရဲ့လက်ထိပ်ကို ကိုက်ဖောက်လိုက်သည်..

" ရှစ်စွမ်း.."
" ဒါ သွေးအစောင့်အရှောက်.."

တစ်ခွန်းမျှသာပြောပြီး ပြန်လှည့်သွားတာမို့ ဟုန်မင် ထိုလက်ကလေးအား ကြည့်နေရုံမှအပ..
မကြာပါ အလုံပိတ်ဖြစ်နေတဲ့ နံရံကအုတ်ချပ်တွေဟာ သူ့အလိုလို သွေဖယ်သွားပြီး အလွန်လှပတဲ့ ပန်းချီကားတစ်ချပ်ပေါ်လာသည်..
လှပတဲ့တောင်တန်းတွေ..
ပျံသန်းနေတဲ့ ဇာမဏီတွေ..
စီးဆင်းနေတဲ့ ရေစိမ့်စမ်းတွေ..
သဘာဝကို အစွမိးကုန် ဖော်ကျူးထားတဲ့ ပန်းချီတစ်ချပ်..

" သွားမယ်.."
စကားကပ်စေးနဲတဲ့ ရှစ်စွမ်းဟာ သူတို့နှစ်ယောကိုကို ဂုတ်ကဆွဲပြီး ပန်းချီထဲကို ခုန်ဝင်လိုက်သည်..

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Where stories live. Discover now