အပိုင်း ၅( အတိတ်ကို ပြန်သတိရခြင်း)

4.2K 540 4
                                    

Unicode

အပိုင်း ၅

ပိုင်ယွီ တစ်ယောက်တည်းဗျာများနေရသည်..

'' ရှစ်..ရှစ်စွမ်း..အင်း..''
'' ငါရှိတယ်..''

ပိုင်ယွီ သတိလစ်နေတဲ့ ပိုင်လီရဲ့ အဝတ်စိုတွေကို လဲပေးလိုက်ပြီး အိပ်ရာထက်တင်ကာ စောင်သေချာခြုံထားပေးလိုက်သည်..
ပြီးတော့ စွမ်းအင်ကူးပြောင်းခြင်းကိုသာ ဆက်လုပ်နေတော့သည်..
မိစ္ဆာသွေးနှောခန္ဓာကိုယ်ကို သူ့လိုနတ်ဝိညာဥ်ခန္ဓာရဲ့ စွမ်းအင်တွေကူးပြောင်းရတာကြောင့် ပိုင်ယွီ အားနည်းသထက်နည်းလာသည်..
သူထိန်းချုပ်ထားပေးတဲ့ မိစ္ဆာအဆိပ်က တစ်ချိန်တည်းမှာ ကြွလာတာကြောင့် ပိုင်ယွီ ပိုပြီးကြိုးစားကုနေရသည်..

'' ရှစ်စွမ်း..ဘယ်လိုလုပ်..သူဖျားနေတာလား..''
'' ဟုန်မင်!..''
'' ရှစ်စွမ်း အဆင်ပြေရဲ့လား..''

တရားထိုင်ရာမှ ထွက်လာတဲ့ ဟုန်မင် မထင်မှတ်ပဲ ပိုင်လီရဲ့အခန်းရှေ့ဖြတ်သွားရာမှ ရှစ်စွမ်းအသံကြားလို့ ဝင်ကြည့်ခြင်းပင်..

'' ရှစ်စွမ်း..''
'' ငါရတယ်..ဟုန်မင်..ငါ့ကို နဲနဲကူပေး..''

ဟုန်မင် ရှစ်စွမ်းကို ကူတွဲပေးလိုက်သည်.
ရှစ်စွမ်းက ဖြူလျော့နေပြီး ချွေးစတို့က နဖူးထက်၌ သီလျက်..
ခရမ်းဖြူရောင်ဝတ်ရုံအောက်က ခန္ဓာကိုယ်သည် သိသိသာသာပင် သေးငယ်လှသည်..
ရှစ်စွမ်းရဲ့ ကိုယ်ငွေ့နွေးနွေးနဲ့ မက်မွန်ကိုယ်သင်းနံ့ကြောင့် ဟုန်မင် တံတွေးအသာမြိုချမိသည်..
မဖြစ်ဘူး...ဒါမင်းရှစ်စွမ်း..စိတ်နဲ့တောင်မပြစ်မှားနဲ့..
ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရင်း..

'' သမားဆောင်ကိုသွားမယ်..''
'' ရှစ်စွမ်း..အားအရမ်းနည်းနေတာ ခနနားလိုက်ပါလား..''
'' .....''

ဟုန်မင် ပါးစပ်အမြန်ပိတ်လိုက်သည်..
ပြီးတော့မှ..

'' ကျနော် ကူပေးပါ့မယ်..''

သမားဆောင်ဆိုတာက ပိုင်ယွီ ဆေးကျိုတာတို့ ဆေးဖော်​တာတို့ပြုလုပ်သည့်အဆောင်ဖြစ်သည်..
ပိုင်ယွီ ဝိညာဥ်နက်ဆေးပင်ကို အလျင်ရှာရသည်..
ထိုအပင်က မိစ္ဆာများအတွက်သာ အသုံးဝင်သည်မို့ သူ့မှာများများစားစားမရှိလှ..
သူ့မှာ မိစ္ဆာသွေးနှောတပည့်တစ်ယောက်ရှိလာမယ်လို့ သူမှမထင်ထားပဲ..

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Where stories live. Discover now