Unicode
အပိုင်း ၁၀ ( အစည်းအဝေးကရန်ပွဲ)
'' ဘယ်လိုလဲ ပိုင်ယွီ..အဆင်သင့်ဖြစ်ပြီလား..''
'' ဒါပေါ့..''ပိုင်ယွီပေါ့ပေါ့ပါးပါးပဲပြောလိုက်သည်..
ဖေးယောင်က သူ့စကားကို သံသယရှိသည့်အလား..'' ရှင်တစ်ခုခုမဟုတ်တာ လုပ်ထားရင် ရှင့်တပည့်လေးအတွက်အာမ မခံနိုင်ဘူးနော်..''
'' ဟုတ်လား..''ပိုင်ယွီ သူ့အင်္ကျီထဲက ဆေးဘူးကိုထုတ်ပေးလိုက်သည်..
ဖေးယောင်က စိတ်ကျေနပ်စွာဖြင့်..'' ရှင်က လွန်ခဲ့တဲ့နှစ်တွေကထက်စာရင် ပိုလိမ္မာလာတာပဲ..ရှင့်ရဲ့တပည့်လေးကို ကျေးဇူးတင်ရမယ်ထင်တယ်..''
'' ရပြီမို့လား..ရရင်လည်း ပြန်တော့''
'' ဟင်းဟင်း..တောင်သခင်ကြီးကလည်း အရမ်းနှင်တာပဲ..''ဖေးယောင် ပိုင်ယွီရဲ့ပုခုံးကို ခပ်ဖွဖွထိသည်.
ပြီးတော့ သူ့ရဲ့ မေးရိုးသွယ်သွယ်လေး..
ပြီးတော့ မျက်နှာကို သူမရဲ့ လက်နဲ့ လိုက်ပွတ်သည်..'' မင်းမလွန်ကျူးလာနဲ့..''
'' အိုး..တောင်းပန်တယ်..ဒါနဲ့ တောင်သခင်ရှောင်က ဘာမှမပြောင်းလဲသွားဘူးနော်..အဟင်း..''
'' ပြန်တော့..''
'' ဒါဆို...ခွင့်ပြုပါဦး..''ဖေးယောင်ပြန်သွားတော့ ပိုင်ယွီအပြုံးသေးသေးလေးပြုံးမိသည်..
ဒီဖေးယောင် သူ့လိုလူကို ဘာတွေယုံကြည်ပြီးဆေးလာတောင်းလဲမသိ..
ပိုင်ယွီရဲ့ တပည့်အပေါ်ကာကွယ်လိုစိတ်ကို အတိုင်းအဆမရှိ ယုံကြည်လို့ပဲလား.
ဒါမှမဟုတ်..တခြားအကြောင်းအရင်းရှိနေလား..
ပိုင်ယွီဉာဏ်ထက်သည့်အလျောက် ထိုဆေးမှာတစ်ခုမဟုတ်တစ်ခုတော့ လုပ်ထားပေသည်..
ဒါကို သူပဲသိသည်..'' ရှစ်စွမ်း..''
'' ပိုင်လီ..မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ..''ရှစ်စွမ်းစကားကြောင့် ပိုင်လီ လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်သည်..
သူ သူ့ရှစ်စွမ်းနဲ့ ဟိုဖေးယောင်မိစ္ဆာမမြင်ကွင်းကို အကုန်မြင်ခဲ့သည်..
ရှစ်စွမ်းတကယ်ပဲထို မိစ္ဆာမနဲ့ ပူးပေါင်းနေတာလားသူမသိပေမဲ့ နောက်ဆုံးမြင်ကွင်းက သူ့သွေးတွေကို ဆူပွက်စေသည်..
YOU ARE READING
နွေဦးမက်မွန်တို့နဲ့အတူ(Complete)
General Fictionကိုယ်ဘာသာကိုယ်နေတာ အကောင်းကြီးပါ.. ထသွားမှကျိုးမှန်းသိဆိုသလို တပည့်မွေးလိုက်ကာမှ တောင်သခင်ရှောင်ပိုင်ယွီဆိုတဲ့ သူ့ရဲဘဝကြီးငါးပါးကို မှောက်တော့တာပဲ.. တစ်ယောက်ယောက်တော့ ပြောပြပေးကြပါဦး.. သူပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပျိုးထောင်ခဲ့တဲ့ တပည့်က ဘယ်လိုလုပ်...