Unicode
အပိုင် ၁၉ ( ဇာတ်သိမ်းပိုင်း)
နှစ်တွေတော်တော်ကြာခဲ့တဲ့နောက်မှာ နတ်ဆိုးဝိညာဥ်ဂိုဏ်းက တစ်ဖန်ပြန်ပေါ်လာသည်..
ဒီတစ်ခါတော့ ဒုက္ခပေးဖို့ရာမဟုတ်ပဲ တိတ်တဆိတ်သာ ပေါ်လာခြင်းပင်..
ထိုဂိုဏ်းရဲ့ခေါင်းဆောင်က လော့ပိုင်လီတဲ့..ဟို မိစ္ဆာကောင်ပေါ့..
သို့ပေမဲ့ နတ်ဝိညာဥ်ပေါင်းစည်းဂိုဏ်းချုပ်ဖြစ်တဲ့ ရှန်ဟုန်မင်ကိုယ်တိုင်က ဂရုမထားတာကြောင့် မည်သူမျှလည်းအာရုံမထားတော့ပေ..
တဖြည်းဖြည်းနဲ့ မိစ္ဆာကျင့်ကြံသူတွေအတွက် နတ်ဆိုးဝိညာဥ်ဂိုဏ်းက ခိုလှုံရာဖြစ်လာပြီး နတ်ဝိညာဥ်ပေါင်းစည်းဂိုဏ်းနဲ့အင်အားယှဥ်နိုင်လာခဲ့သည်..
သို့တိုင်အောင်လည်း ယခင်ကာလကလို သတ်ဖြတ်တာတွေမရှိတော့ပဲ မိစ္ဆာကျင့်သူ နတ်ဝိညာဥ်ကျင့်သူတွေက ယှဥ်တွဲနေထိုင်လာကြတဲ့အထိ ဘယ်အရာက စည်းရုံးပေးလိုက်လဲတော့မသိပါချေ..လူကြားသူကြား တီးတိုးပျံ့နှံ့နေတဲ့ နတ်တောင်သခင်တစ်ယောက်နဲ့ မိစ္ဆာလေးတို့ရဲ့ ရင်နင့်ဖွယ်ဇာတ်လမ်းကြောင့်ပဲလား..
ဒါမှမဟုတ် ဘယ်လမ်းစဥ်ကျင့်ကျင့် လူသားဆန်တဲ့ စိတ်ရှိပြီး လူသားတွေကို ဒုက္ခမပေးသရွေ့ မိစ္ဆာလို့မသတ်မှတ်တော့တာကြောင့်လား...
ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်..
တစ်ချိန်က မက်မွန်ပန်းလေးက ငြိမ်းချမ်းရေးကို နောက်ထပ်ယူပေးလိုက်တာပဲ..
.
.
.ပိုင်စဲ့တောင်ရဲ့ ရေခဲလှိုဏ်ဂူ အအေးဒဏ်က တော်ရုံကျင့်ကြံသူတောင် အေးခဲသွားနိုင်တဲ့အထိ ပြင်းထန်သည်..
ရေခဲလှိုဏ်ဂူထဲက ရေခဲကျောက်ဖြာထက်မှာ ခရမ်းရောင်လွှလွှ ပုံရိပ်တစ်ခုက လဲလျောင်းနေလေရဲ့..
ငြိမ်းအေးစွာ ဘာအပူအပင်မှမရှိ အိပ်မောကျနေတာလေး.." ရှစ်စွမ်း..အိပ်နေတာ အရမ်းကြာတာပဲ..နိုးသင့်နေပြီ.."
ရှစ်စွမ်းရဲ့ ဆံသားပျော့ပျော့ကို ပွတ်သပ်ပးရင်း ဝိညာဥ်စွမ်းအင်တစ်ချို့လွှဲပြောင်းပေးလိုက်သည်..
" ဂိုဏ်းချုပ်..ရှန်ဂိုဏ်းချုပ်ဟောင်းနဲ့ ထန်ဂိုဏ်းချုပ်ဟောင်းက တွေ့ခွင့်တောင်းပါတယ်"
" သိပြီ..ငါသွားလိုက်မယ်.."
KAMU SEDANG MEMBACA
နွေဦးမက်မွန်တို့နဲ့အတူ(Complete)
Fiksi Umumကိုယ်ဘာသာကိုယ်နေတာ အကောင်းကြီးပါ.. ထသွားမှကျိုးမှန်းသိဆိုသလို တပည့်မွေးလိုက်ကာမှ တောင်သခင်ရှောင်ပိုင်ယွီဆိုတဲ့ သူ့ရဲဘဝကြီးငါးပါးကို မှောက်တော့တာပဲ.. တစ်ယောက်ယောက်တော့ ပြောပြပေးကြပါဦး.. သူပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပျိုးထောင်ခဲ့တဲ့ တပည့်က ဘယ်လိုလုပ်...