အပိုင်း ၆(အတိတ်ကိုပြန်သတိရခြင်း)

4K 498 3
                                    

Unicode

အပိုင်း ၆

သူ့ရဲ့နာမည်က လော့..
နတ်ဆိုးသွေးနှောတစ်ယောက်ဖြစ်ခဲ့တယ်..
နတ်ဝိညာဥ်ကျင့်ကြံသူလည်းဖြစ်ခဲ့တယ်..
ဒါပေမဲ့ နောက်ဆုံးမှာ သူတင်မိခဲ့တဲ့ ဆရာကိုယ်တိုင်က သူ့ကို မိစ္ဆာနက်အဆိပ်ကျွေးပြီး နတ်ဝိညာဥ်ကျင့်ကြံဆင့်တွေကို ပျက်စေခဲ့တယ်..
သူ့ခန္ဓာကိုယ်ထဲက တိုးထွက်လာတဲ့ နတ်ဆိုးကျင့်စဥ်တွေနဲ့ အသုံးချဖို့ကြိုးစားခဲ့တယ်..
​ရေပူထဲရေအေးလောင်းချသလိုမျိုး..သူ့ခန္ဓာကိုယ်ဟာ နတ်ဆိုးနဲ့ နတ်ဝိညာဥ်အားပြိုင်မှုကြား ပျောက်​ဆုံးခဲ့တယ်..
ပြီးတော့ သူ့ရဲ့ပြိုကွဲခါနီးဝိညာဥ်က နောက်ဆုံးအနေနဲ့ မိစ္ဆာသွေးနှောကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယူပြီး ပြန်ရှင်သန်လာတယ်..
ဒါပေမဲ့ သူအတိတ်မေ့သွားခဲ့တယ်....
အတိတ်မေ့ပြီး သူနာကျင်မှုကိုခံစားနေရချိန်မှာ ထိုလူ့ကိုတွေ့ခဲ့တယ်..
အေးစက်စက်စကားတွေပြောနေပေမဲ့ သူ့ကို ပစ်မသွားခဲ့ဘူး..
ဒီအချိန်မှာ သစ္စာဖောက်မှုကို မေ့လျော့နေခဲ့တဲ့ နှလုံးသားဟာ ချက်ခြင်းပဲခင်တွယ်သွားမိတယ်ထင်တယ်..
ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပြန်သတိရခဲ့ပေမဲ့ သံယောဇဥ်တွယ်ပြီးနေပြီ

'' မင်းနာမည်က ပိုင်လီ..ကြားလား..မင်းက အခုငါ့တပည့်ပဲ..''

ပိုင်လီဆိုတဲ့နာမည်ကို သဘောတကျ ခံယူပြီး ထိုသူကို ရှစ်စွမ်းလို့ခေါ်မိတာက သူအတိတ်မေ့နေစဥ်မို့လို့..
အခုတော့ သစ္စာဖောက်ခံရမှာကို စိုးမိတယ်..
အထူးသဖြင့် ထိုလူ့ဆီက သစ္စာဖောက်ခံရမှာကိုပေါ့..
သူထိုလူ့ကို မြတ်နိုးမိသွားတယ်..
ဟုတ်တယ်..သူ့အရွယ်က ငယ်ပေမဲ့ သူ့ဝိညာဥ်က ငယ်ရွယ်တာမှမဟုတ်ပဲ..
ဒါကြောင့် ထိုလူနားမှာ သူကပ်နေချင်ပေမဲ့ ထိုလူကရော သူ့ကို ဘယ်လို သဘောထားပါသလဲ..
ရှစ်စွမ်း..ကိုယ်မင်းကို စိတ်မပျက်ချင်ဘူး..
ဒီအရွယ်ကနေ ပြန်ကြီးပြင်းရမှာ နဲနဲစိတ်ပျက်မိပေမဲ့ မင်းကိုထပ်ယုံကြည်ကြည့်မယ်..

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ပိုင်ယွီတစ်ယောက် တောင်ခြေရောက်နေပြန်ပြီဖြစ်သည်..
နတ်ဆိုးကျင့်စဥ်က ခုတလော တော်တော်ပေါများလာပြီး နတ်ဆိုးဝိညာဥ်ဂိုဏ်းဆိုတဲ့ ဂိုဏ်းဟာလဲ ထွက်ပေါ်လာတာမို့ မိစ္ဆာသုတ်သင်ရေးဆိုတဲ့ ရှန်ယန်ဟန်ရဲ့ ခေါင်းစဥ်ကြီးနဲ့အတူ ရောက်နေခြင်းပင်..

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Where stories live. Discover now