Unicode
အပိုင်း ၁၀ ( မပျက်စီးသေးတဲ့ ငါ့ခန္ဓာကိုယ်)
ပိုင်လီ ခုတလော စိတ်တွေဂယောင်ခြောက်ခြားဖြစ်နေရသည်..
သူ့ကိုယ်ထဲက နတ်ဆိုးဝိညာဥ်က ထကြွချင်သည့်နှယ်...
သူ နတ်ဝိညာဥ်ကျင့်ကြံစွမ်းတွေနဲ့ ထိန်းချုပ်ဖို့ကြိုးစားပေမဲ့ ဘယ်လိုမှမရ..
တစ်ချက်တစ်ချက်ဆိုလျှင် နတ်ဆိုးဝိညာဥ်ကျင့်စဥ်ကို ကျင့်မိလျက်သားဖြစ်နေသည်...
ဒါကို ရှစ်စွမ်း သိသွားမှာ သူအရမ်းစိုးရိမ်မိသည်..
ရှစ်စွမ်း သူ့ကို ပစ်သွားမှာကို အရမ်းစိုးရိမ်မိလေသည်..'' ပိုင်လီ..မင်းအဲမှာ ဘာလုပ်နေပြန်တာလဲ..ရှစ်စွမ်းလစ်တာနဲ့ ရေသာခိုနေပြန်ပြီမို့လား..''
'' ရှစ်စွမ်းက ဘယ်ကို သွားတာလဲ..''ပိုင်လီ ဟုန်မင်ကို မေးလိုက်သည်..
ဟုန်မင်နဲ့သူက တည့်နေတာမဟုတ်ပေမဲ့ ရှစ်စွမ်းမျက်နှာကြောင့် ရန်တော့မဖြစ်တော့ပါချေ....ဟုန်မင်က သူ့မျက်နှာကိုချီမော့ကာ..
'' ရှစ်စွမ်းဘယ်သွားလဲ မင်းမသိပြန်ဘူးမို့လား..ဟွန့် ..ဒါကြောင့် ပြောပါတယ် မင်းက ရှစ်စွမ်းအတွက် ဘာမှအသုံးမဝင်ဘူးဆိုတာ..''
ပိုင်လီမကျေကြည့်သာကြည့်ပေးလိုက်ပါရဲ့..
ဟုန်မင်ကတော့ ထိုအကြည့်ကိုပင် ဂရုမပြုသည့်ဟန်နှင့်..'' ရှစ်စွမ်းက တောင်အောက်ကိုဆင်းသွားတာ..ဘာကြောင့်လဲ သိလား..??..မိစ္ဆာကောင် မင်းကြောင့်..''
'' ငါ့..ငါ့ကြောင့်..''
'' ဟုတ်တယ်..မိစ္ဆာသွေးနှောကိုတပည့််အဖြစ်လက်ခံတယ်ဆိုပြီး ဂိုဏ်းတွေက ရှစ်စွမ်းကို ဖိအားပေးကြတယ်...ဒါကြောင့် ဖြေရှင်းဖို့ တောင်အောက်သွားတာ..''ပိုင်လီ စိတ်မကောင်းဖြစ်သွားသည်..
သူက ရှစ်စွမ်းကို ဒုက္ခပဲပေးနေမိတာလား..'' ငါ့အဖေနဲ့ ရန်ဂိုဏ်းချုပ်က ရှစ်စွမ်းဘက်မှာရှိပေမဲ့ ကျန်တဲ့ ဂိုဏ်းတွေကို ထိန်းနိုင်မှာမဟုတ်ဘူး..ရှစ်စွမ်းအခက်တွေ့မှာစိုးတယ်..''
'' ..... ''ပိုင်လီ ဟုန်မင်ရဲ့စကားတွေကို ဆက်မကြားချင်တော့တာကြောင့် ထိုနားမှထွက်လာခဲ့တော့သည်..
ပြီးတော့ သူ့စိတ်တွေက ရှုပ်ထွေးလာပြီး အသိစိတ်လွတ်မတတ်ဖြစ်လာသည်..
YOU ARE READING
နွေဦးမက်မွန်တို့နဲ့အတူ(Complete)
General Fictionကိုယ်ဘာသာကိုယ်နေတာ အကောင်းကြီးပါ.. ထသွားမှကျိုးမှန်းသိဆိုသလို တပည့်မွေးလိုက်ကာမှ တောင်သခင်ရှောင်ပိုင်ယွီဆိုတဲ့ သူ့ရဲဘဝကြီးငါးပါးကို မှောက်တော့တာပဲ.. တစ်ယောက်ယောက်တော့ ပြောပြပေးကြပါဦး.. သူပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပျိုးထောင်ခဲ့တဲ့ တပည့်က ဘယ်လိုလုပ်...