Unicode
အပိုင်း ၁၂ ( ကျောခိုင်းခဲ့ရပြီ)
အား!!
မြေပြင်၌ပါ လူးလိမ့်ပြီး သူနာကျင်နေရသည်..
သူ့ခန္ဓာကိုယ်က သူ့ဝိညာဥ်ကိုမပိုင်တော့..
သူ့အသိစိတ်တွေအမှောင်ဖုံးသွားသည်..'' ပိုင်လီ!! ''
သူကြားတယ်..ထိုလူရဲ့ အသံသဲ့သဲ့လေး..
စိုးရိမ်ပူပန်နေဟန်တို့အပြည့်..
သို့ပေမဲ့ သူက အမှောင်ထုထဲက ဘယ်နေရာကနေခေါ်နေလဲ မှန်းဆမရ..'' ရှစ်စွမ်း..ရှစ်စွမ်း..ဘယ်မှာလဲ..''
'' ပိုင်လီ !! ''သူ့ရှေ့ကိုပေါ်လာတာက တစ်ချိန်က သူ့ဆရာဖြစ်ခဲ့ဖူးတဲ့ လင်းချွေ့ဂိုဏ်းချုပ် ဖေးယွင်..
'' မင်း..''
'' ဟားဟား..မင်းငါ့ကို ဆရာလို့မခေါ်တော့ဘူးလား..တပည့်လေး..''
'' ပါးစပ်ပိတ်..ပိတ်ထား..''
'' လာလေ..ငါ့ကို အရမ်းသတ်ချင်နေတယ်မို့လား..လာ..လာသတ်..''သူ ဖေးယွင်ဆီကိုတစ်ဟုန်ထိုးပြေးသွားပြီး တိုက်ခိုက်သည်..
ဖေးယွင်က ပြန်ခုခံသည်..
သို့ပေမဲ့ ခုခံရုံသာ..ပြန်မတိုက်တာကတော့ ထူးဆန်းနေလေချေသည်..
သူ့အနေနဲ့ထိုအချက်ကိုလည်း သတိမပြုမိနိုင်...သူ့စိတ်ထဲမှာရှိတာ ထိုဖေးယွင်ကို သတ်ပစ်ဖို့သာ..'' လော့...လာလေ..လာ..လာသတ်..''
'' မခေါ်နဲ့..ပါးစပ်ပိတ်..''
'' ဟားဟား..လာလေ ဘာလို့ နတ်ဆိုးဝိညာဥ်ကျင့်စဥ်ကိုမသုံးတာလဲ..အဲတာနဲ့ဆို ငါ့ကို တစ်ခါတည်းသတ်နိုင်မှာနော်''နတ်ဆိုးဝိညာဥ်ကျင့်စဥ်..
ဟုတ်တယ်..အဲဒါပဲ..ဖေးယွင့်ကို သတ်နိုင်ဖို့အဲဒါကို ထုတ်သုံးရမယ်...
တစ်ခါပဲ..ဒီတစ်ခါပါပဲရှစ်စွမ်း..ကျနော်တစ်ခါတည်း သုံးမှာပါ..
ရှစ်စွမ်းစိတ်မဆိုးရဘူးနော်..'' မင်းကို သတ်မယ်..''
သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေစိမ့်ထွက်လာသည်..နှစ်ပေါင်းများစွာထိန်းသိမ်းထားခြင်းခံရတဲ့ အနက်ရောင်စွမ်းအင်တွေဟာ သူ့ကိုယ်မှာရစ်ပတ်လို့..
သူမှန်တယ်...ဖေးယွင်..မင်းမှားတယ်..
သူ နတ်ဆိုးစွမ်းအင်နဲ့တိုက်ခိုက်တော့ ဖေးယွင်က ပြန်ခုခံသည်..
သို့ပေမဲ့...ဘာလို့လဲ..ဘာလို့ သူ့ရဲ့ခုခံခြင်းဟာ မက်မွန်ပွင့်ဖတ်တွေကို ခေါ်ဆောင်တာလဲ..
သူကြာကြာမတွေးလိုက်ရပါချေ..
ဖေးယွင်ရဲ့ ခန္ဓာကိုယ်က လွင့်ထွက်သွားသည်..
YOU ARE READING
နွေဦးမက်မွန်တို့နဲ့အတူ(Complete)
General Fictionကိုယ်ဘာသာကိုယ်နေတာ အကောင်းကြီးပါ.. ထသွားမှကျိုးမှန်းသိဆိုသလို တပည့်မွေးလိုက်ကာမှ တောင်သခင်ရှောင်ပိုင်ယွီဆိုတဲ့ သူ့ရဲဘဝကြီးငါးပါးကို မှောက်တော့တာပဲ.. တစ်ယောက်ယောက်တော့ ပြောပြပေးကြပါဦး.. သူပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပျိုးထောင်ခဲ့တဲ့ တပည့်က ဘယ်လိုလုပ်...