အပိုင်း ၁၃ ( သူက ငါ့အပိုင်)

3.7K 424 7
                                    

Unicode

အပိုင်း ၁၃ ( သူက ငါ့အပိုင်)

ခြောက်နှစ်ခန့်ကြာလွန်ပြီးနောက်...

'' ရှစ်စွမ်း..ကျနော်ပြန်လာပြီ..''
'' ဟုန်မင်..!! ''
'' ရှစ်စွမ်း..ဘယ်လိုနေသေးလဲ..ဒီတလော နေမကောင်းဖြစ်သေးလား..''

ဟုန်မင်က ပြောပြောဆိုဆိုနဲ့ ရှစ်စွမ်းရဲ့ နဖူးထက်ကို လက်ကလေး အသာတင်ပြီး စမ်းကြည့်သည်..

'' ကိုယ်က နည်းနည်းနွေးနေသလိုပဲ..ရှစ်စွမ်း..ကျနော် ဆေးသွားစပ်ပေးမယ်..''

​ရှောင်ပိုင်ယွီ တားမရမှာကို သိတာကြောင့် ဘာမှမပြောတော့ပါချေ..
ဒီကလေးက နှစ်တွေကြာလာတော့ သူ့ကို ပိုကပ်လာတယ်..
တစ်ခါတစ်ခါ သူက ပိုင်ယွီ့ရဲ့အုပ်ထိန်းသူလို ဂရုစိုက်တတ်တယ်..
ပိုင်ယွီဟာလည်း ပိုင်လီထွက်သွားကတည်းက..ပိုင်လီပေးခဲ့တဲ့ ဒဏ်ရာကို မကုသနိုင်တော့လို့ ပိုအားနည်းလာခဲ့တယ်..
ဒါပေမဲ့ ကိုယ်ခံအားနည်းရုံပါပဲ..

'' ဟုန်မင်..မင်းဒီဆရာကို အမြဲဆရာလုပ်ဖို့ကြိုးစားနေတာလား..''
'' မဟုတ်ပါဘူး ရှစ်စွမ်း..ကျနော်က ရှစ်စွမ်းရဲ့ကျန်းမာရေးကို စိတ်ပူတာပါ''.
'' ငါ့ကို အားနည်းနေပြီလို့ထင်တာလား..ဒီဆရာကို အထင်သေးနေပြီပေါ့..ငါနဲ့ ယှဉ်ပြိုင်ကြည့်ဦးမလား..''
'' အိုက်ယား..ကျနော် ရှစ်စွမ်းကို မနိုင်ပါဘူး..''

ပိုင်ယွီ သူ့ရဲ့သုံးခွက်မြောက်မက်မွန်သေရည်ကို မော့လိုက်ရင်း..

'' ဘာထူးသေးလဲ..''
'' ရှစ်စွမ်း..ခုထိလက်မလျှော့သေးဘူးလား..ခြောက်နှစ်တောင်ရှိပြီ..''

ပိုင်ယွီ မေးတဲ့ ဘာထူးသေးလဲဆိုတာက အဲဒီတုန်းက ပျောက်သွားတဲ့ ပိုင်လီအကြောင်းကို ဆိုလိုပါသည်.
ပိုင်လီကြောင့် သူသေမလိုဖြစ်ခဲ့ပေမဲ့ အဲဒီကလေးက သူ့ကို မထိခိုက်စေချင်ခဲ့မှန်း သိနေသလိုပဲ..
ပြီးတော့ အဲဒီကလေးက သူ့စကားကိုလွန်ဆန်ပြီး မိစ္ဆာလမ်းကို ရွေးသွားမှာမဟုတ်မှန်းသေချာနေသိနေတယ်ဆိုရင်..
သူက အရမ်းကို အယုံလွယ်လွန်းသူလို့ထင်မြင်ကြမှာပဲ..

'' အာ..ရှစ်စွမ်း..ဒီနေ့ ကျနော် ချက်ကျွေးမယ်..ရှစ်စွမ်းအတွက်..အဟီး..''

နွေဦးမက်မွန်တို့နဲ့အတူ(Complete)حيث تعيش القصص. اكتشف الآن