Unicode
အပိုင်း ၁၈ ( အလှတရား၏ အဆုံးသတ်)
" ယွီအာ..ဘာတွေလုပ်နေတာလဲ.."
" ငါထိုင်နေတာလေ.."
" အဟက်.."ပိုင်လီ ပိုင်ယွီရဲ့ နှာခေါင်းလေးကို မနာအောင်ဆွဲညစ်လိုက်ရင်း..
" ယွီအာ..မင်း အဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ.."
" ဘာလို့လဲ.."
" ကိုယ်လုပ်ပေးချင်လို့ပေါ့..အကုန်ပြီးဆုံးပြီး ကိုယ်က အင်အားအကြီးဆုံးဖြစ်လာတဲ့အခါ သေချာပေါက် ကိုယ်ဖြည့်ဆည်းပေးမယ်.."အင်အားအကြီးဆုံးဖြစ်ရင်တောင် ပိုင်ယွီ့ရဲ့ဆန္ဒလေးကို ပိုင်လီ ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပေ...
ပိုင်ယွီ ပိုင်လီ့ကို နင့်နင့်နဲနဲကြည့်လိုက်သည်..ပြီးမှ" ငါ..ငါ ပိုင်စဲ့တောင်ကို တစ်ခေါက်တော့ပြန်ချင်သေးတယ်.."
" ဟင်.."
" မက်မွန်ပန်းတွေ ကြွေတာစောင့်ကြည့်ရင်း မက်မွန်ဧကရာဇ်သေရည်တစ်ခွက်ကို အရသာခံသောက်ချင်သေးတယ်.."ပိုင်ယွီ့စကားက တစ်ခုခုမှားနေမှန်း ပိုင်လီသိပေမဲ့ ဘာမှတွေးမရပေ..
ဘာလို့ ယွီအာက ခုချက်ခြင်း သေတော့မယ့် လူလိုပြောနေရတာလဲ..
ပိုင်လီ ပိုင်ယွီ့ကို ရင်ခွင်ထဲဆွဲဖက်ကာ" မပူပါနဲ့ ကိုယ်မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ..ဟုတ်ပြီလား..ပြီးတော့ အပိုဆုအနေနဲ့ ကိုယ်က မင်းဘေးမှာ အသက်ရှင်သမျှ ကာလပတ်လုံးအဖော်ပြုပေးမယ်.."
" ..... "
.
.
.
ဖေးယောင်..
သူမ သူမရဲ့အကို ဖေးယွင်အတွက် ပိုင်လီကို လက်စားချေဖို့စောင့်နေတာကြာပြီဖြစ်သည်..
အလောင်းကို ဖျက်ဆီးပစ်တာက သူ့အသက်ကို မနှုတ်ယူနိုင်ပေမဲ့ သူရှန်ဟုန်မင်နဲ့ တိုက်ခိုက်နေချိန် ဖျက်ဆီးလိုက်ရင်တော့ အားနည်းသွားပြီး ရှန်ဟုန်မင်က သူ့ကို သတ်ပေးနိုင်လိမ့်မည်..
ဒါကြောင့် ပိုင်လီ့ရဲ့ ဝိညာဥ်နယ်မြေမှာဝှက်ထားတဲ့ အလောင်းကို ယူထုတ်ဖျက်ဆီးဖို့ ရှာဖွေနေတာဖြစ်သည်.." သွေးစတေးအစီအရင်..!လော့ပိုင်လီ..ရှင်အရမ်းဉာဏ်များတယ်..ဒါပေမဲ့ ကျမကလည်း ဘယ်သူလဲ..ဖေးယောင်..လင်းချွေ့ရဲ့ ဖေးယောင်.."
သူမ လက်ထဲက သွေးပုလင်းသေးသေးလေးက ဖေးယွင်ရှိကတည်းက ပိုင်လီ့ကိုယ်မှ ဖောက်ယူထားခြင်းပင်..
အစက သူ့ခန္ဓာတွင်းရှိ ဝိညာဥ်ကို ထိန်းချုပ်ဖို့ဆိုပေမဲ့ ဒီအချိန်မှာ အသုံးဝင်တာထက်ပိုတယ်..
YOU ARE READING
နွေဦးမက်မွန်တို့နဲ့အတူ(Complete)
General Fictionကိုယ်ဘာသာကိုယ်နေတာ အကောင်းကြီးပါ.. ထသွားမှကျိုးမှန်းသိဆိုသလို တပည့်မွေးလိုက်ကာမှ တောင်သခင်ရှောင်ပိုင်ယွီဆိုတဲ့ သူ့ရဲဘဝကြီးငါးပါးကို မှောက်တော့တာပဲ.. တစ်ယောက်ယောက်တော့ ပြောပြပေးကြပါဦး.. သူပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပျိုးထောင်ခဲ့တဲ့ တပည့်က ဘယ်လိုလုပ်...