အပိုင်း ၁၅ ( မက်မွန်အရှင်က နွမ်းသွားရှာပြီ)

3.9K 417 3
                                    

Unicode

အပိုင်း ၁၄( မက်မွန်အရှင်က နွမ်းသွားပြီ)

'' ဟုန်မင်..တော်သင့်ပြီ..ပိုင်ယွီက လုံခြုံဘေးကင်းနေမှာပါ..ကြည့်လေ..သူ့ရဲ့အသက်သွေးကြောနဲ့ဆက်ထားတဲ့ ပတ္တမြားမက်မွန်ပင်က အကောင်းကြီးရှိသေးတယ်..''
'' ..... ''
'' သေချာပြောနိုင်တာက ပိုင်ယွီကို ခေါ်သွားတာ နတ်ဝိညာဥ်ဂိုဏ်းတွေထဲကတော့ မဟုတ်ဘူး..သူ့ကို အလွယ်တကူဖမ်းယူလို့ရမယ်ထင်လို့လား..သူသာဆန္ဒမရှိရင် သူ့နားတောင်ကပ်လို့ရမှာမဟုတ်ဘူး..''
'' ဒါပေမဲ့ ရှစ်စွမ်းက အားအရမ်းနည်းနေပြီလေ..''
'' အဲဒါက သူ့ရဲ့ သိုင်းပညာလျော့ပါးတာမှမဟုတ်တာ..သူ့ရဲ့ သိုင်းပညာက ထိပ်မှာရှိတုန်းပဲလေ..''

ဟုန်မင် သက်ပြင်းချလိုက်သည်..

'' ဒါဆို အဖေပြောချင်တာ..ရှစ်စွမ်းက သူ့ဘာသာသူလိုက်သွားတယ်လို့လား..ဒါပေမဲ့ ဘယ်သူက...''

ဟုန်မင် စကားစပြတ်သွားပြီး တစ်ခုကိုတွေးမိသွားသည်..
ပိုင်လီ!!!
ရှစ်စွမ်းက ပိုင်လီသာဆိုရင်တော့ လိုက်သွားမှာပဲ..
မလိုက်ရင်တောင် သူ့တပည့်ငယ်နဲ့​တွေ့ရင် သတိလက်လွတ်ဖြစ်နေလောက်တယ်..
ဘာလို့ဆို ဒီနှစ်တွေထဲမှာ ပိုင်လီ့ကို ရှာခိုင်းခဲ့တာ သူအသိဆုံး..

'' ပိုင်လီပဲ..သူခေါ်သွားတာဖြစ်ရမယ်..ဒီမျိုးမစစ်ကောင်တော့..''

လက်သီးကို ကျစ်နေအောင်ဆုပ်ရင်း ကြိမ်းဝါးနေစဥ် အပြင်က ကျင့်ကြံသူတစ်ယောက်က ပြေးဝင်လာသည်..

'' ဂိုဏ်းချုပ်ရှန်..သခင်လေးရှန်..ကျနော့်ကို ဂိုဏ်းချုပ်ရန် လွှတ်လိုက်တာပါ..''
'' ဘာကိစ္စလဲ..''
'' ယဲ့ဟန်ဂိုဏ်းကို နတ်ဆိုးဝိညာဥ်ဂိုဏ်းက ဝင်တိုက်နေပြီ..''
'' ဘာ!!...''

အတင့်ရဲချက်ပဲ..
နတ်ဝိညာဥ်ဂိုဏ်းတွေထဲက အင်အားအကြီးဆုံးဂိုဏ်းသုံးဂိုဏ်းမှာပါတဲ့ ယဲ့ဟန်ဂိုဏ်းကိုတောင် ဝင်တိုက်တယ်ပေါ့..
ဒီ နတ်ဆိုးဝိညာဥ်ဂိုဏ်းက တော်တော်လေး ဘဝင်မြင့်နေတယ်ထင်ပါ့..

'' ဂိုဏ်းချုပ်ရန်ရော..''
'' သူက ဂိုဏ်းသားအချို့နဲ့ ယဲ့ဟန်ဂိုဏ်းကို သွားပါပြီ..''
'' ကောင်းပြီ..''

ဟုန်မင် သူ့အဖေကို လှည့်ကြည့်ကာ

'' အဖေ..ကျနော်သွားလိုက်မယ်..အဲဒီအတင့်ရဲနေတဲ့ မိစ္ဆာကောင်တွေကို ဆုံးမပေးမယ်..''
'' ကောင်းတယ်..ဂရုစိုက်..''
'' ​ဒါဆို ခွင့်ပြုပါ အဖေ ''

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Where stories live. Discover now