အပိုင်း ၁၆ ( ဝေါ်အိုက်နီ)

4K 438 2
                                    

Unicode

အပိုင်း ၁၆ ( ဝေါ်အိုက်နီ)

ပတ္တမြားမက်မွန်ပွင့်ဖတ်တွေက လေမတိုက်ပါပဲ လွင့်ကြွေကုန်လျက်..
အနီရင့်ရင့် မက်မွန်ပွင့်တွေက လှပစွာကြွေကျနေပေမဲ့ ဒါက သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုပင်..
ရှန်ယန်ဟန်နဲ့ ရန်ဟူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်..
ပိုင်ယွီ တစ်ခုခုဖြစ်နေပြီ..
ဒါကို ဟုန်မင်သာသိရင် မိုးမီးလောင်လိုက်မဲ့ဖြစ်ခြင်း..
အခုသူက ပိုင်လီနဲ့ တိုက်ခိုက်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင်ံ့ ကုသမှုခံယူပြီး ​ဂူပိတ်ကျင့်ကြံနေသည်..

'' ဒါကို ဟုန်မင်ကို အသိမပေးနဲ့..''
'' အင်း..သူသိရင် ဂူပိတ်ကျင့်ကြံမှုကို ထိခိုက်စေလိမ့်မယ်..''

ဂူပိတ်ကျင့်ကြံခြင်းက အကျိုးများစွာဖြစ်ထွန်းစေသလို တစ်ခုခုအနှောင့်အယှက်ဖြစ်ခဲ့ရင်လည်း ဆုံးရှုံးမှုက ကြီးမားသည်..
ထို့ကြောင့် ဟုန်မင်ကိုမပြောရန်သာဆုံးဖြတ်လိုက်ရသည်..
တစ်လလား..နှစ်လလား..လပေါင်းများစွာလား..
အဲဒိီအခါကျတော့မှ ဟူန်မင်ကို ပေးသိစေတော့မည်..

'' ပိုင်ယွီက နတ်ဆိုးဝိညာဥ်ဂိုဏ်းချုပ်မှာရှိတယ်..''
'' သေချာလား..''
'' သေချာတယ်..ပိုင်လီ ဟုန်မင့်ကို ပြောတာ ကြားခဲ့တယ်..''

ပိုင်ယွီ..ဘာတွေဖြစ်နေလဲမသိပေမဲ့ နဲနဲပဲတောင့်ခံထားပေး..
ငါတို့မင်းကို လာခေါ်မယ်..
.
.
.
ပိုင်လီ သူ့ရင်ခွင်ထဲ မောပန်းစွာအိပ်ပျော်နေတဲ့ ထိုလူသားကို ကြည့်မိသည်..
သူတကယ်ပဲ သူ့ကို ရယူခဲ့ပြီ..
တကယ်ကြီး..
ဒီလူသူ့အပိုင်ဖြစ်ပြီဆိုတဲ့ ခံစားချက်က နှိုင်းမရအောင် ပျော်ရွှင်စေတယ်..
ပိုင်လီ ပိုင်ယွီ့နဖူးပြေပြေလေးကို ဖွဖွလေးနမ်းလိုက်သည်..
ပြီးတော့ စောင်သေချာခြုံပေးကာ အပြင်ထွက်လာခဲ့သည်..

နတ်ဆိုးဂိုဏ်းချုပ်က နတ်ဆိုးတောင်ရဲ့ ဥမင်အတွင်းမှာ တည်ဆောက်ထားခြင်း..
အိမ်တော်အသွင်ဖြစ်အောင် ခမ်းနားစွာဖြင့် ဥမင်တူးပြီး ​တည်ဆောက်ထားခြင်းပင်..

'' ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်..''
'' ရပြီ..ဘယ်လိုလဲ..အဲဒီဘက်က..''
'' ရှန်ဟုန်မင်က ဂူပိတ်ကျင့်ကြံနေတယ်လို့ သိရပါတယ်..ပြီးတော့ ရှန်နဲ့ ထန်ဂိုဏ်းချုပ်နှစ်ဦးကတော့ ဘာသတင်းမှမကြားပါဘူး..''
'' ဟက်..သတင်းမကြားဘူး..''

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Where stories live. Discover now