အပိုင်း ၁၄( ဒီဆရာရဲ့တပည့်မဟုတ်ခဲ့ဘူး)

3.7K 419 5
                                    

Unicode

အပိုင်း ၁၄( ဒီဆရာရဲ့ တပည့်မဟုတ်ခဲ့ဘူး)

'' ဟုန်မင်..စိတ်အေးအေးထား..ပိုင်ယွီက ကလေးမဟုတ်ဘူး..သူပြန်လာမှာပါ..''
'' ကလေးမဟုတ်လို့ စိတ်ပူရတာပေါ့!!''

ဒေါသ​​တွေလောင်မြိုက်နေတဲ့ ဟုန်မင်ကို သူ့ဖခင် ရှန်ယန်ဟန်တောင်မှ နားမချနိုင်ပေ..
အခု သူ့သားဖြစ်နေတဲ့ ပုံက ဆရာပျောက်တဲ့ တပည့်ပုံစံမပေါက်ပဲ ချစ်သူမိန်းကလေးကို တခြားသူကပြန်ပေးဆွဲသွားတဲ့လူပုံစံပေါက်နေလေရဲ့..

'' ဟုန်မင်!! ''
'' ဘာမှ လာမပြောနဲ့......မြန်မြန်ရှာကြစမ်း သဲလွန်စသေးသေးလေးတွေ့ရင်တောင် ချက်ခြင်း လာသတင်းပို့''

ဂိုဏ်းသားတွေကိုပါ အော်ဟစ်အမိန့်ပေးလိုက်ရင်း ဟုန်မင် သက်ပြင်းတွေအကြိမ်ကြိမ်ချမိသည်..
နားမလည်ဘူး..ဘယ်သူမှနားလည်မှာနဟုတ်ဘူး..
ရှစ်စွမ်းတစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့ သူ့ရင်က မီးစကြီးက ရှစ်စွမ်းကို မတွေ့လေ ပိုပိုပြီး ပူပြင်းလာလေပဲ..
ရှစ်စွမ်း..တောင်းပန်ပါတယ်..
လျှောက်သွားနေတယ်ဆိုလည်း ပြန်လာပါတော့..
ဧကန္တ မက်မွန်သေရည်အသောက်လွန်ပြီးများ တစ်နေရာရာ အိပ်နေလား..
ပြောလို့ရတာ မဟုတ် ရှစ်စွမ်းက သူ့ကိုယ်သူမှ သတိမထားတတ်ပဲ..
ရှစ်စွမ်း စိတ်ပူတာထက်ပိုတယ်..

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

'' အင့်..''

ထွက်လာတဲ့ အသံသေးသေးလေးကြောင့် ရှစ်စွမ်းနိုးလာပြီမှန်း ပိုင်လီသိလိုက်သည်..
ဟုတ်တယ်ပိုင်လီ..သူ့ရဲ့နတ်ဆိုးဝိညာဥ်က ရှစ်စွမ်းကို မသင့်တော်တာတွေ ပြုတော့မှာကို သူမနည်းထိန်းထားရတာ..

'' ရှစ်..ရှစ်စွမ်း..''

မဝံ့မရဲခေါ်သံလေးက သူ့ကို အိပ်ငွေ့ချပြီး ခေါ်လာတဲ့ တပည့်ဆိုးလေးမှ ဟုတ်ရဲ့လားလို့ သူသေချာပြန်ကြည့်မိသည်..

'' ရှစ်စွမ်း..ကျနော်..''
'' ပါးစပ်ပိတ်..ငါ့ကို ရှစ်စွမ်းလို့ မခေါ်တော့ဘူးဆို..''
'' အဲဒါ..''
'' ငါ..တကယ်အမှားတစ်ခုလုပ်ခဲ့တာပဲ..''

ရှစ်စွမ်းရဲ့ နောင်တရတဲ့ စကားသံကြောင့် ပိုင်လီ ရင်ထဲမှာ စူးတစ်ချောင်းစိုက်သွားလျက်..
တကယ်ပဲ..သူက ရှစ်စွမ်းနားရှိဖို့ မထိုက်တန်ခဲ့ဖူးဘဲ..

နွေဦးမက်မွန်တို့နဲ့အတူ(Complete)Donde viven las historias. Descúbrelo ahora