Ep.1

31.4K 1.3K 80
                                    

Unicode;

Seoul ရဲ့ တစ်နေရာ ကားလမ်းမပေါ်တွင်
Kim Taehyung ဆိုတဲ့ကောင်လေး ပါတဲ့
ကားတစ်စီးဟာ အထက်တန်းကျောင်းတစ်ခုစီကို
မောင်းနှင်နေလေသည်။

အကြောင်းကတော့ ညီဖြစ်သူ Kim Ha Junရဲ့
ကိစ္စကြောင့်ပင်။ Taehyungက အရာရာတော်သလောက် လိမ္မာသလောက်၊ ညီဖြစ်သူက မည်သည့်နေရာမှ မတော်။
လူရမ်းကားတွေလို ဆိုးသည်ဟု မဆိုနိုင်ပေမဲ့
ဂျစ်ကန်ကန်နဲ့ ထိန်းရခက်သည်။

အခုလဲ မိဘတွေနဲ့ အစ်ကိုဖြစ်သူက စာလုပ်ဖို့
အတန်တန်ပြောထားတဲ့ကြားက နားမထောင်ဘဲ
အလေလိုက်နေတာကြောင့် စာမေးပွဲအမှတ်တွေဟာ
လူကြားလို့မကောင်းလောက်အောင် နည်းပြန်ပြီ။

ဒါကြောင့် မိဘတွေဟာ ရုံးခန်းကို ရောက်ရတာ
အကြိမ်ပေါင်းမနည်း။ အခုလဲ ကျောင်းအုပ်ကြီးက
ခေါ်ပြန်ပြီ။ ဒီတစ်ခါတော့ မိဘတွေဟာ ပြည်ပကို
အလုပ်ကိစ္စနဲ့သွားရတာကြောင့် Taehyungပဲ
ကျောင်းကိုလိုက်သွားရခြင်းဖြစ်သည်။

အမြဲ စည်းစနစ်ကျကျ လူပြောစရာမရှိအောင်
လုပ်တတ်၊ နေထိုင်တတ်သော Taehyungသည်
အခုတော့ ညီဖြစ်သူကြောင့် ရုံးခန်းရောက်ရသည်။

ဒေါသထွက်တာရော၊ ရှက်တာရော ပေါင်းပြီး
Taehyungမျက်နှာမှာ နီရဲပြီး ရှုံ့တွနေသည်။ ထိုသို့ မျက်နှာ အမူအရာဖြစ်နေသော်လည်း Taehyungသည်ခန့်ညားနေဆဲ။
လှနေဆဲဟုလည်း သုံးနှုန်းချင်ပါသေးသည်။

ကျောင်းနားနီးလာပေမဲ့လဲ Taehyungဒေါသထွက်နေတာကြောင့် ကားကိုအရှိန်နဲ့ပဲ မောင်းမိသည်။
အရှိန်ဖြင့် လူတစ်ယောက်ရှေ့ကိုဖြတ်မောင်းမိသည်။
ကားမှန်ကနေတစ်ဆင့် ကြည့်လိုက်တော့ ကျောင်းသားတစ်ယောက်ဖြစ်နေသည်။

ဘာမှလဲထိခိုက်သွားပုံမရတာကြောင့် ဆင်းတောင်းပန်မနေဘဲ ကျောင်းထဲပဲ တန်းဝင်လိုက်သည်။

ပုံမှန်ဆို ရိုရိုကျိုးကျိုးတောင်းပန်မိပါလိမ့်မည်။ ခုချိန်ကတော့ အရမ်းဒေါသထွက်နေတာကြောင့်
မတောင်းပန်ချင်တော့ပါ။ မဟုတ်ရင်လဲ
ထော်လော်ကန့်လန့်တွေသာ ပြောမိပါလိမ့်မည်။

ကျောင်းထဲရောက်လို့ Car parkingထိုးပြီး ဖုန်းလာတာကြောင့် ကားထဲကမထွက်သေးဘဲ
ဖုန်းပြောနေလိုက်သည်။

𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]Where stories live. Discover now