^Unicode^
၉နာရီရှိပြီ။ညကဖြည်းဖြည်းချင်းမှောင်လာပြီမို့ ဈာန်မျိုးသစ်သွားစရာမရှိဖြစ်နေသည်။ နည်းနည်းအေးသလိုခံစားရတာမို့ ဈာန်မျိုးသစ် လွယ်အိတ်ထဲကhoodieအမဲကိုထုတ်ဝတ်ထားလိုက်သည်။ ဒီအချိန်ကြီးအိမ်ထပြန်ရင်လည်း အဆူပူကခံရဦးမည်။ ပိုက်ဆံကလည်းသိပ်မပါလာ။ ဈာန်မျိုးသစ်စိတ်ညစ်ညစ်နဲ့ ကျောင်းရှေ့က mini marketတစ်ခုမှာ ခေါက်ဆွဲပြုတ်ထိုင်စားနေလိုက်သည်။ အဆောင်ရှေ့ယောင်လို့တောင်မဖြတ်ချင်၊ အထူးသဖြင့်..ဟိုလမ်းကြား!
ဈာန်မျိုးသစ်ပြန်တွေးရင်းဒေါသထွက်လာရပြန်သည်။ စိတ်ပေါက်ပေါက်နဲ့ နောက်ဆုံးလက်ကျန်ခေါက်ဆွဲဖက်တွေကိုဆွဲစားလိုက်ပြီး အရည်ကိုမော့ချလိုက်သည်။
ဝွန့် ....
မုန်းချစ်စရာကောင်ကြီး....
တစ်စစီဆွဲဖြဲပစ်မယ်...ဝွန့် ..။Mini marketမှာ ညဆိုင်းဆင်းနေသည့်ကောင်လေးကတော့ ဈာန်မျိုးသစ်ကို ထိတ်လန့်နေတဲ့မျက်ဝန်းတွေနဲ့ မသိမသာလှမ်းလှမ်းကြည့်နေမိသည်။
ဟုတ်တယ်လေ။ ခေါက်ဆွဲဘူးကြီးကိုဝါးစားမတက်မျက်လုံးတွေနဲ့ကြည့်လိုက်၊ တစ်ချက်တစ်ချက် ထထရီလိုက်နဲ့ .. တစ်ယောက်တည်းကိုမျက်နှာပုံစံအမျိုးမျိုးဖြစ်နေတော့ ဘယ်သူကမလန့်ဘဲနေမှာလဲ....။
တစ်ယောက်လောက်ဆိုင်ထဲကတစ်ယောက်ကိုခေါ်ထုတ်သွားပေးရင်ကောင်းမှာပဲ.....!
Mini marketဆိုင်ကကောင်လေးရဲ့ ဆန္ဒပြည့်သွားတယ်ထင်။ ဈာန်မျိုးသစ်တစ်ယောက်ဆိုင်အပြင်ကိုကြည့်ကာဝုန်းခနဲထထွက်ပြေးသွားတာမို့ သူပါအလန့်တကြားဖြစ်ကာနှလုံးခုန်ရပ်တော့မတက်။
ဘုရား သကြား'မ'လို့ ...
ဒီလိုဝယ်သူတွေထပ်မလာပါစေနဲ့ ....¯\_(ツ)_/¯¯\_(ツ)_/¯¯\_(ツ)_/¯¯\_(ツ)_/¯¯\_(ツ)_/¯
မမှားနိုင်!! သူ့မျက်စိနဲ့မြင်လိုက်ရတဲ့သူကသေချာပေါက်ကိုလင်းရှိန်ပဲ!!!
ဈာန်မျိုးသစ်ခေါက်ဆွဲပြုတ်စားနေရင်းတန်းလန်းနဲ့ မြင်လိုက်ရတဲ့လင်းရှိန်ရဲ့ပုံရိပ်ကြောင့် အလျှင်အမြန်ထွက်လာပေမယ့် မမှီလိုက်။ ကားအကောင်းစားတစ်စီးပေါ်တက်သွားပြီး ထွက်သွားသည်။
YOU ARE READING
Fight or Love
RandomKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^