အပိုင်း ^ ၂၇ ^

1K 100 22
                                    

^Unicode^

..ကြေးမများနဲ့..
..ဆေးလည်းသေချာသောက်..

ဈာန်မျိုးသစ် ဖုန်းscreen‌ပေါ်မှာပြူးတူးပြဲတဲပေါ်နေတဲ့စာ လုံးရေ10လုံးခန့်ရှိသောဒီစာကြောင်းတွေကိုပဲကြောင်ဝောာင်တောင်နဲ့ထိုင်ကြည့်မိသည်။မနက်နိုးနိုးချင်းဖုန်းကိုဖွင့်လိုက်တယ်ဆိုတာနဲ့ Lock screen wallpaperမှာနေရာယူထားဝာာ သူ့အကြိုက်Naruto wallpaperမဟုတ်ဘဲ ဒီစာကြောင်းခပ်ပြူးပြူး။ ဘယ်အချိန်သူ့ဖုန်းကိုယူပြီး wallpaperပြောင်းလိုက်လဲမသိ။ဘာကိစ္စသူများဖုန်းကိုပိုင်စိုးပိုင်နင်းတွေယူပြီး wallpaperပါကောက်ချိန်းသွားရလည်းနားမလည်နိုင်။ဘာလို့ထူးထူးဆန်းဆန်းတွေလာလုပ်နေတာလဲ..၊သူ့ကိုဒီလောက်ထိစိုးရိမ်နေတာလား။ဈာန်မျိုးသူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲပြုံးစိစိဖြစ်သွားရသည်။

ပြီးတော့မနေ့ကဆန်ပြုတ်မသောက်ဘူးဆိုပြီးအသည်းသန်ငြင်းနေခဲ့တာသူမဟုတ်ခဲ့တဲ့အတိုင်း..၊စားပွဲပေါ်မှာအဆင်သင့်ရှိတဲ့ ဆန်ပြုတ်ပန်းကန်ကိုစိမ်ပြေနပြေထိုင်စားပြီးဒီနေ့မနက်သောက်ရမည့်ဆေးများကိုလည်းသေချာသောက်လိုက်သည်။

တကယ်တော့ ဆန်ပြုတ်ဆိုတာကလည်းသောက်ရမဆိုးသလို..၊ နေမကောင်းဖြစ်လာရင်ဆေးဆိုတာလည်းသောက်ပေးရပါတယ်။ဆေးသောက်ထားလို့ထင်ပါရဲ့..၊ ဒီနေ့ကမ‌နေ့ကထက်စာရင်နေလို့ထိုင်လို့ပိုကောင်းတယ်။

ပျင်းသလိုလိုဖြစ်လာတာနဲ့အခန်းထဲမှာရှိနေတဲ့သက်ပိုင်ကိုစကားလှမ်းစမိလိုက်သည်။ဈာန်မျိုးသစ်က‌နေမကောင်းဖြစ်နေမို့ကျောင်းမသွားဖြစ်တာဆိုပေမယ့် ဒေါင်ဒေါင်မြည်နေတဲ့သက်ပိုင်ကလည်းအဆောင်မှာ။သက်ပိုင်တင်မဟုတ်..၊တစ်ချို့ကျောင်းသားတွေလည်းအဆောင်မှာရှိနေကြသည်။ဒီနေ့နေမကောင်းတဲ့သူတွေများနေသလားပဲ...

"မင်းဘာလို့ကျောင်းမသွားတာလဲ..."

ဈာန်မျိုးသစ်ရဲ့အသံကိုကြားလိုက်‌တော့စာရေးစားပွဲမှာအေးအေးလူလူစာထိုင်ရေးနေတဲ့သက်ပိုင်ရဲ့ခန္ဓာကိုယ်ကတုန်တက်သွားသည်။

"ဟို...ဟို....စာ..စာလုပ်မလို့"

"_____"

ပြောလာတဲ့စကားကအထူးအဆန်း...
သက်ပိုင်လိုဟိုက်ပါတစ်ယောက်ကစာလုပ်ဖို့ဆိုပြီးကျောင်းမသွားတာဖြစ်နိုင်လို့လား...
သင်နေတဲ့စာတွေလွတ်ကုန်မှာမဟုတ်ဘူးလား...။

Fight or LoveWhere stories live. Discover now