Justin Bieber - Baby
~>')~~~~>')~~~~>')~~~
^Unicode^
"မင်း!! ဘာဖြစ်ချင်နေတာလဲ?"
စူးရှကျယ်လောင်တဲ့ အသံတစ်သံရဲ့အဆုံးမှာ ဆရာမဝင်မလာခင်အချိန် ဆူညံပွက်လောရိုက်နေကြတဲ့စာသင်ခန်းက အလုံးစုံတိတ်ဆိတ်သွားရသည်။မစူးစမ်းဘဲမနေနိုင်တဲ့ကျောင်းသားတွေရဲ့အကြည့်က အသံလာဆီကိုပြိုင်တူရောက်သွားတော့သည်။
တည်နေရာက အခန်းထောင့်ပြတင်းပေါက်နားကခုံ။အချေတင်ဖြစ်နေကြသူနှစ်ယောက်ကတော့... ကျောင်းမှာဘယ်သူကမှရန်မစရဲကြတဲ့ 'လင်းရှိန်' နဲ့ မနက်ကမှဆရာမမိတ်ဆက်ပေးသွားတဲ့ကျောင်းသားသစ်။
လူတိုင်းရဲ့အာရုံမှာ တီခနဲအရေးပေါ်အချက်ပေးခေါင်းလောင်းသံကကျယ်လောင်စွာမမြည်ဘဲမနေနိုင်တော့။
"ငါလား!? မင်းဖယ်ပေးတာလိုချင်နေတာလေ..ဒီနေရာက ‘လင်းရှိန်’ဆိုတဲ့ငါ့အပိုင်ငါ့နေရာဆိုတာ တကယ်ပဲမသိတာလား!?"
နှစ်ယောက်သားကတော့အချေတင်ဖြစ်လို့ကောင်းနေဆဲသာ။
"မဖယ်နိုင်ဘူးကွာ....ဒါငါဦးထားပြီးသားနေရာ!ထိုင်ချင်ဟိုဘက်ခုံသွားထိုင်!"
"မင်း!..."
"ဘာလဲ ဈာန်မျိုးသစ်ဆိုတဲ့ငါ့ကိုကျောင်းသားသစ်ဆိုပြီး..အနိုင်ကျင့်တာမျိုးလုပ်လို့ရမယ်ထင်တာလား?"
ဟား ဟားး..
ဈာန်မျိုးသစ်ကိုလာယှဉ်လို့ရမလား!!ဈာန်မျိုးသစ်ဟူသည့်ကျောင်းသားသစ်စကားကြောင့် တစ်ဖက်လူကမျက်မှောင်တွေတွန့်ချိုးကာငြိမ်သွားရသလို တစ်ခန်းလုံးကတော့အသက်တောင်ပြင်းပြင်းမရှူရဲတော့။
"ငါ့နောက်လိုက်ခဲ့..."
အမိန့်ဆန်ဆန်ခပ်ပြတ်ပြတ်စကားတစ်ခွန်းကိုပြောပြီး ထွက်သွားတဲ့လင်းရှိန်ကြောင့် အတန်းထဲကလူတွေရဲ့ကရုဏာသက်တဲ့မျက်ဝန်းတွေက ဈာန်မျိုးသစ်ဆီ ချက်ချင်းရောက်သွားကြသည်။
![](https://img.wattpad.com/cover/218037557-288-k480058.jpg)
ESTÁS LEYENDO
Fight or Love
De TodoKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^