^Unicode^
အောင်သူတို့အုပ်စုကနေ့လယ်ခင်းမှာ ရေကူးကန်ထဲဆင်းလို့ရကြောင်း ဖုန်းဆက်လှမ်းပြောကြတာကြောင့်ဈာန်မျိုးသစ်ဘယ်လောက်မှတောင်မနားဖြစ်လိုက်ဘဲ ရေကူးကန်ဘက်ကိုထွက်လာလိုက်သည်။ တစ်ဖက်ကုတင်မှာအိပ်ပျော်နေတဲ့ လင်းရှိန်ကိုတော့ နှိုးဖို့စိတ်ကူးလုံးဝမရှိ။ စောနကပုံကိစ္စနဲ့ သိပ်အခဲ ကျေတာမဟုတ်။
အောင်သူတို့တည်းတဲ့နေရာနဲ့ကအနည်းငယ်လှမ်းနေတာမို့ လမ်းဆုံတစ်မှာချိန်းပြီးတွေ့လိုက်သည်။Hotelဝန်းကြီးကတော့ ကျယ်တယ်ဆိုတာထက်ကိုပိုသည်။ မသိရင်တောင်ကြားထဲက ချစ်စရာ ရပ်ကွက်ငယ်လေးလိုပဲ။ ရေကူးကန်ဘက်ကို သွားရတဲ့ လမ်းကလည်းတကယ်ကို့ရှည်လျားပါသည်။ အိမ်လေးတွေရှိတဲ့ လမ်းသွယ်တွေကနေပြီး လမ်းမကြီးဆီထိတောက်လျှောက်ချီတက်ရသည်။
ရေကူးကန်ဘက်သွားတဲ့ အုပ်စုထဲမှာ ဈာန်မျိုးသစ်ရယ်၊ အောင်သူတို့ ၊ ကောင်းမြတ်တို့ရယ်.. ပြီးတော့စီနီယာလည်းပါသေးတယ်။ သက်ပိုင်ကတော့ သေချာတယ်။ အခန်းထဲအောင်းပြီးစာလုပ်နေမှာ။ စီနီယာကလည်း ဒီရက်ပိုင်း အောင်သူတို့နဲ့ အရမ်းအဖွဲ့ကျနေသလိုပဲ..
10မိနစ်ကျော်ကျော်လောက် လမ်းလျှောက်သွားပြီးတဲ့ အချိန်မှာတော့ ဈာန်မျိုးသစ်တို့အုပ်စု ရေကူးကန်ဆီရောက်ရှိလာတော့သည်။ တစ်ချို့၊ တစ်ချို့သော ယောက်ျားလေးအုပ်စုတွေလည်း ရောက်နေကြပြီ။ ရေကူးကန်ထဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ရေကူးကန်ကတော်တော်လေးကျယ်သည်။ရေကလည်းနက်တဲ့ပုံပဲ..။ လင်းရှိန်နဲ့ နှစ်ယောက်တည်းမနေချင်လို့ ထွက်လာခဲ့ပေမယ့် အခုမှသတိရတာက..သူရေမှမကူးတတ်တာပဲ။
"ဈာန်...လာလေ.."
ဈာန်မျိုးသစ်အတွေးလွန်နေတုန်းမှာပဲ ဘယ်အချိန်က ရေထဲဆင်းသွားမှန်းမသိတဲ့ အောင်သူကလှမ်းခေါ်သည်။
"ရေကနက်လား..."
"သိပ်မနက်ပါဘူးကွာ...လာပါ..ငါတို့ရှိတယ်.."
"ပြီးရော.."
ဈာန်မျိုးသစ် ဝတ်ထားတဲ့ T-shirtလေးကိုဆွဲချွတ်လိုက်ပြီးရေထဲဆင်းလာလိုက်သည်။ ရေက ဈာန်မျိုးသစ်ခေါင်းပေါ်ရုံကွက်တိ။ ဒါတောင် တစ်ချက်၊တစ်ချက် ခြေဖျားကလွတ်လွတ်ထွက်သွားသေးတယ်။
VOCÊ ESTÁ LENDO
Fight or Love
DiversosKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^