^Unicode^
ည 10နာရီလောက်ရှိနေပေမယ့် မနက်ဖြန်မနက် 4နာရီလောက်မှာ tripသွားရမှာမို့ အဆောင်မှာဆူညံနေကြသည်။ ဈာန်မျိုးသစ်တို့ကျောင်းက စာမေးပွဲပြီးသွားတဲ့နောက်ရက်မှာပဲ tripအတွက်အသိပေးလာသည်။ နေရာကတော့ နေပြည်တော်ဘက်နားမှာရှိတဲ့ တောင်တစ်ခုပေါ်က Hotelတစ်ခုဆီ။
ဘယ်လိုတွေစီစဉ်ထားကြလဲမသိပေမယ့်အကုန်လုံးကလည်း tripသွားရမယ်ဆိုတော့တက်တက်ကြွကြွနဲ့။ အဆောင်မှာပိတ်နေရတာထက်စာရင် ဘယ်ပဲဖြစ်ဖြစ်ကောင်းပါတယ်လေ။ အခုတော့အဝတ်စားရွေးနေကြတဲ့လူနဲ့ ... ယူသွားမယ့်ပစ္စည်းတွေစာရင်းလုပ်နေတဲ့သူနဲ့ ... ။ တစ်ချို့ဆို ဂစ်တာတွေပါထုပ်ပိုးနေတဲ့ အထိ။ ယောက်ျားလေးအဆောင်တောင်ဒီလောက်ထိရှုပ်ယှက်ခက်နေရင်၊ မိန်းကလေးအဆောင်ဆိုဘယ်လိုနေမလဲမသိ။
ဈာန်မျိုးသစ်ကတော့ ပေါ့ပေါ့ပါးပါးအင်္ကျီတွေကိုပဲရွေးထုတ်ပြီး luggageထဲထည့်နေလိုက်သည်။"သက်ပိုင်.."
ဈန်မျိုးသစ်ပျင်းလာတာနဲ့ပဲ သူ့လိုပဲယူသွားရမယ့် ယူသွားပစ္စည်းတွေပြင်ဆင်နေတဲ့ သက်ပိုင်ကိုစကားစလိုက်သည်။
"ဟမ်?"
သက်ပိုင်က ဈာန်မျိုးသစ်ဘက်ကိုခေါင်းထောင်ကြည့်လာသည်။
"မင်းဘာတွေထည့်နေတာလဲ"
ဈာန်မျိုးသစ်က သက်ပိုင်ရဲ့ခပ်ကြီးကြီး luggageကြီးကိုလှမ်းကြည့်လိုက်ရင်းမေးလိုက်သည်။ အိတ်ကဈာန်မျိုးသစ်အိတ်ရဲ့ နှစ်ဆလောက်နီးနီးရှိတော့ စိတ်မဝင်စားဘဲမနေနိုင်။
"ဟို...အဝတ်စားနည်းနည်းရယ် ကျောင်းဖတ်စာအုပ်တွေရယ်၊ အပြင် သုတစာအုပ်တွေရယ်Dictionaryတွေရယ် သင်္ချာသီအိုရီပေါင်းချုပ်စာအုပ်ရော..ပြီးတော့ အပျင်းပြေနားထောင်ဖို့ မြန်မာ့သမိုင်းက ခေတ်တွေမင်းဆက်တွေနဲ့ အတ္တုပ္ပတိတွေအကြောင်း တွေချည်းအသံသွင်းထားတဲ့ဖုန်းရယ် ..ဟို ဈာန်မျိုးသစ်ကလိုချင်လို့လား"
"_______"
ဈာန်မျိုးသစ်ကိုရယ်ပြရင်းပြောလိုက်တဲ့ သက်ပိုင်ရဲ့ စကားကြောင့် ဈာန်မျိုးသစ်ပြောစကားစကားတွေပျောက်ဆုံးရသည်။
![](https://img.wattpad.com/cover/218037557-288-k480058.jpg)
YOU ARE READING
Fight or Love
RandomKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^