အပိုင်း ^ ၃၁ ^

342 21 10
                                    

Don't forget to check "My Boy".
There are new photo/art for you!


^‌Unicode^

လမ်းမတွေပေါ်မှာလှည့်လည်သွားလာရင်းနဲ့ အချိန်တွေကကုန်မှန်းမသိကုန်ဆုံးလာတာ သက်ပိုင် 9 နှစ်အရွယ်ကိုရောက်ရှိခဲ့ပြီဖြစ်သည်။အရွယ်ရောက်လာတာနဲ့အမျှ သက်ပိုင်ကတော့တဖြည်းဖြည်းငြိမ်ဆိမ်လာတော့တာပဲ။ဒီနေ့လိုညဘက်အားလပ်ချိန်မှာတစ်ချို့‌ကောင်လေးတွေက ရထားလမ်းပေါ်မှာဆော့ကစားနေကြပေမယ့် သက်ပိုင်ကတော့ ထိုအုပ်စုရဲ့ခပ်လှမ်းလှမ်းဘူတာကမီးတိုင်အောက်မှာဘယ်သူနဲ့မှအရောမဝင်ဘဲတစ်ယောက်တည်း...။

"ဟေ့ကောင်သက်ပိုင်..."

"ဟေ့!"

စုရုံးစုရုံးနဲ့အုပ်စုဆီကအားလုံးထက်အသက်ကြီးပြီး မာန်တက်နေတဲ့‌ကောင်‌လေးထံမှအော်ခေါ်သံထွက်ပေါ်လာသည်။သက်ပိုင်ကတော့သူ့ကိုနည်းနည်းလေးမှအဖက်မလုပ်။သူ့အနားမှာဝိုင်းနေတဲ့အငယ်အုပ်စုမျက်ခုံးတွေပင့်လာသည်။တစ်ချို့က‌ကြိတ်‌‌တောင်ရယ်နေလိုက်သေး...။

တကယ်တော့သူတို့မှာအလောင်းအစားသေးသေးလေးတစ်ချို့ရှိထားကြတယ်။သက်ပိုင်သာသူခေါ်တာကိုတုန့်ပြန်မယ်ဆိုရင် ကျန်တဲ့အငယ်တွေအားလုံးကသူ့ကို အကိုကြီးလို့ခေါ်ပါမယ်ဆိုပြီး ..။ဒါလေးကဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ သူ့လိုစိတ်ကြီးဝင်ချင်နေတဲ့ကောင်လေးတွေအတွက်ကတော့ အုပ်စုမှာဆရာကြီးဖြစ်သွားနိုင်မယ့်အခွင့်ရေးလေ။

သူ့မာနအတွက်ကြိုးစားရမှာပေါ့ !!!

"ဟေ့ကောင်! ငါခေါ်နေတာမကြားဘူးလား!!! ဟမ်!!"

နောက်ထပ်တစ်ခါမာန်ပါပါနဲ့ခေါ်လာတာတောင်မှ သက်ပိုင်ကသူ့ကိုရှိနေတယ်လို့တောင်မထင်‌သေး။အငယ်တွေရဲ့ကြိတ်ရယ်သံက ဖုံးမရဖိမရထွက်လာတော့ မာန်တက်နေတဲ့တစ်ယောက်ကနည်းနည်းတော့ချွေးပျံလာတယ်။ ဒီကလေးအုပ်စုကြားမှာ သူကအဖြစ်မရှိတဲ့လှောင်ရယ်စရာငနှဲကောင်တော့အဖြစ်မခံနိုင်!!

Fight or LoveWo Geschichten leben. Entdecke jetzt