^Unicode^
ထတယ်၊ထိုင်တယ်၊လှဲတယ်၊အိပ်တယ်၊..ပြီးရင်ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်...၊ပြီးတော့ပြန်ထထိုင်တယ်။ဒါကဈာန်မျိုးသစ်အတွက်ဒီနေ့ရဲ့သံသရာစက်ဝန်း။ဈာန်မျိုးသစ်ကိုမြင်တွေ့နေရတဲ့သက်ပိုင်ကတော့အခန်းေထာင့်ကသူ့ခုတင်ပေါ်မှာခပ်ကုပ်ကုပ်နေရင်းထိုင်ရင်းနဲ့ကိုပဲစိတ်မသက်သာဖြစ်နေရသည်။သူ့ဦးနှောက်ထဲမှာရှိနေတဲ့ ခံစားချက်ပိုင်းဆိုင်ရာခွဲခြမ်းစိပ်ဖြာမှု အချက်လက်တွေအရပြောရမယ်ဆို ဈာန်မျိုးသစ်ကဝမ်းနည်းနေတာပဲ...၊ ဝမ်းနည်းတာမှတော်တော်ကြီးကိုဝမ်းနည်းနေတာ..
လူတွေဘာလို့ တစ်စုံတစ်ယောက်ကြောင့်ဆိုပြီးဝမ်းနည်းကြတာလဲသက်ပိုင်နားမလည်နိုင်။ဝမ်းနည်းမှုတွေမြစ်ဖျားခံတဲ့အချစ်တွေအမုန်းတွေတွယ်တာစရာတွေဆိုတာသူ့မှာဘယ်တုန်းကမှမရှိခဲ့တဲ့အရာတွေ။သူဟာအမြဲတစ်ယောက်တည်း..၊အပေါင်းသင်းမရှိ..၊ဆွေမျိုးသားချင်းမရှိ..၊သူကျင်လည်ခဲ့ရတဲ့ဘဝမှာဘယ်သူကမှသူ့အတွက်ဆိုပြီးပူဆွေးသောကမရောက်ကြသလို..သူကလည်းဘယ်သူ့ကြောင့်မှဝမ်းနည်းမနေ။ဝမ်းနည်းနေဖို့လည်းအချိန်မရှိ။သူသိတာသူ့အရည်ချင်းတွေသုံးပြီးပိုက်ဆံများများရှာနိုင်ဖို့။အဲ့တာကြောင့်လင်းရှိန်အနားကိုရောက်လာခဲ့ဖြစ်ခဲ့တာဆိုလည်းမမှား..။
သူနဲ့လုံးဝပုံစံကွဲထွက်ပြီး အကြောက်လန့်ကြီးတဲ့ စာကြမ်းပိုးဇာတ်ရုပ်ပုံစံမျိုးနေရင်း..၊ လင်းရှိန်ရဲ့ဘာတွေလုပ်နေသလဲဆိုတာအမြဲစုံစမ်းနေဖြစ်တယ်။ ဘယ်နေ့မှာဘာလုပ်တယ်..၊ ဘယ်သွားတယ် စတဲ့အချက်လက်တွေက သူ့ရဲ့စာကြည့်စားပွဲကစာအုပ်ပုံတွေကြားကစာအုပ်တစ်အုပ်ထဲမှာ စာရင်းအတိအကျနဲ့။
အစပိုင်းမှာတော့သူရဲ့အလုပ်ကပျင်းစရာကောင်းလွန်းသည်။ တစ်နေ့တစ်နေ့ကျောင်းတက်လိုက်..၊ကြောက်ချင်ယောင်ဆောင်ရလိုက်...။ လင်းရှိန်ဆီမှာလည်းဘာမှထောက်ပြချင်စရာမရှိ။ အခုတော့ စိတ်ဝင်စားစရာတွေကမျက်စိရှေ့မှာတန်းစီလို့....။သေချာတာကသူဆိုတာဘယ်သူ့ဘက်မှမဟုတ်။အပျင်းပြေပွဲကြည့်ချင်ရုံ မဟုတ်ရင် နည်းနည်းလေးပွဲဆူအောင်လုပ်ပေးရုံပဲပေါ့။
YOU ARE READING
Fight or Love
RandomKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^