အပိုင်း ^ ၂၄ ^

1.3K 106 20
                                    

A/N သိလိုက်ကြလားတော့မသိဘူး🤧 ညနေကရေးရင်းတန်းလန်းနဲ့ publishကိုနှိပ်မိသွားလို့ တင်မိသလိုဖြစ်သွားတယ်။ချက်ချင်း‌တော့ပြန် Unခဲ့ပေမယ့် notiတက်သွားခဲ့ရင် တောင်းပန်ပါတယ်နော် 🤧❤️

^Unicode^

အခန်းလေးထဲမှာသက်ပိုင်ရဲ့ရယ်မောသံတစ်ခုတည်းကသာလွှမ်းမိုးနေတော့သည်။တော်တော်ကြာတဲ့ထိအရယ်မရပ်။ ဗိုက်ကိုဖိနှိပ်ကာ အသည်းသန်တွေရယ်မောနေတော့သည်။ လင်းရှိန်ကတော့ မျက်နှာသေနဲ့ စူးစိုက်ကြည့်နေဆဲ။

"ဟား....ဘယ်ဆိုးလို့လဲ...မင်းကငါထင်တာထက်ကိုအကဲခက်မြန်သားပဲ..."

မျက်မှန်ကိုချွတ်..၊ မထွက်လာတဲ့မျက်ရည်စတွေကိုဟန်ဆောင်သုတ်ရင်း သက်ပိုင်ပြောလာသည်။

"ဘယ်သူလဲ..."

သူပြောလိုက်တာနဲ့ လင်းရှိန်ပြန်မေးလိုက်တာနဲ့ကနည်းနည်းလေးမှမသက်ဆိုင်။

"ဘာကိုဘယ်သူလဲ??..."

သက်ပိုင်ကမသိသလိုပုံစံဖမ်းရင်းမေးတော့..၊ လင်းရှိန်တစ်ယောက်စိတ်မရှည်တော့တဲ့ပုံ..။ ထိုင်နေရာကနေ ဝုန်းခနဲထလာလိုက်ပြီး သက်ပိုင်ရဲ့အနားကိုရောက်ချလာသည်။

"ဆက်ဟန်ဆောင်မနေနဲ့လို့ငါပြောပြီးသားနော်..ဖြေစမ်းပါ...မင်းကိုဒီလိုမျိုးငါ့ကိုစောင့်ကြည့်ခိုင်းတဲ့နောက်ကွယ်ကသူဘယ်သူလဲလို့ ..!!"

စိတ်မရှည်မှုအပေါင်းနဲ့ အော်လိုက်မိပေမယ့်..၊ သက်ပိုင်က အရင်လိုထထွက်ပြေးမယ့်သူမဟုတ်တော့။ မထီတထီနဲ့သာပြန်ကြည့်လာသည်။သက်ပိုင်ရဲ့အမူရာတွေက လင်းရှိန်ကိုလာဆွနေတဲ့အတိုင်းပဲ။ ဒီပုံစံတိုင်းသာဆို အေးအေးဆေးဆေးဖြစ်တော့မှာမဟုတ်။လင်းရှိန် သက်ပိုင်ရဲ့အင်္ကျီကော်လံစကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲလိုက်သည်။ လည်ပင်းပါအစ်သလိုဖြစ်သွားရတာကြောင့် သက်ပိုင်တစ်ယောက် မျက်နှာကြီးနီရဲတတ်လာရသည်။
ဒါတောင်မှ သက်ပိုင်ရဲ့အကြည့်တွေကမပြောင်းလဲ။လုပ်ပြုံးတစ်ခုကိုလည်းဆင်မြန်းထားသေး။

"ငါဖြေဖို့များ...လိုသေးလို့လား...မင်းသိထားပြီးသား...အဲ့လူပဲလေ...ရဲရဲကြီး..လက်ခံလိုက်စမ်း..ပါ"

Fight or LoveDonde viven las historias. Descúbrelo ahora