^Unicode^
ကော်ရစ်တာလျှောက်လမ်းတွေကိုအလျင်စလိုနဲ့ဖြတ်ပြေးပြီး..၊လှေကားအထစ်ထစ်တွေကိုလည်းကျော်ခွပစ်ရင်းနဲ့ ဈာန်မျိုးသစ်ဦးတည်ရာကကျောင်းရှေ့ကကွင်းပြင်..။လမ်းတောက်လျှောက်မှာတွေ့ခဲ့တဲ့ ဆရာ၊ဆရာမတွေကိုလည်းသူဂရုမစိုက်။ခြေလှမ်းတွေကိုမိုင်ကုန်တင်ပြီးသာပြေးလွှားနေတော့သည်။
သူ..လင်းရှိန်နဲ့တွေ့ရမှဖြစ်မယ်...
မိုးကလည်းအခုချိန်ထိထိမတိတ်နိုင်။ပိုတောင်သည်းလာသည်။ အမိုးအကာမရှိတဲ့ကွင်းပြင်ထဲကိုဈာန်မျိုးသစ် ခြေတစ်လှမ်းစနင်းလိုက်တယ်ဆိုတာနဲ့ပဲအလုအယက်ကျဆင်းလာကြတဲ့ မိုးရေစက်တွေကြောင့် ကြွက်စုတ်ဘဝကိုစက္ကန့်မခြားပြောင်းလဲသွားတော့သည်။ခပ်လှမ်းလှမ်းမှလင်းရှိန်ကိုလည်းရေးတေးတေးနဲ့မြင်နေရသည်။
"လင်းရှိန်!!!"
အော်ဟစ်လိုက်ပေမယ့် သည်းထန်လွန်းနေတဲ့မိုးအရှိန်ကြောင့် ဈာန်မျိုးသစ်အသံကတိုးမပေါက်။ တဝေါဝေါမိုးသံတွေကြားမှာပျောက်ကွယ်သွားတော့သည်။ လင်းရှိန်ကသူ့ဘက်လှည့်ကာ..ရပ်မြဲ..၊ရပ်နေဆဲ။
"လင်းရှိန်!!"
လင်းရှိန်နာမည်ကိုတကြော်ကြော်အော်ခေါ်ရင်းနဲ့ဈာန်မျိုးသစ်ပြေးသည်။ဒီလိုမျိုးပြေးလာနေပေမယ့် လင်းရှိန်ပုံရိပ်ကပိုပြီးဝေဝါးလာသလိုမျိုး...။နီးကပ်လာလေ..တစ်စထက်တစ်စမှုန်ဝါးလာလေဖြစ်ကာ..၊ နောက်ဆုံးလုံးဝပျောက်ကွယ်သွားတော့သည်။
"လင်းရှိန်? မင်းဘယ်မှာလဲ!!!"
ဈာန်မျိုးသစ်ထိတ်လန့်သွာတော့သည်။
လင်းရှိန်က ဒီနေရာမှာရှိမနေဘူးတဲ့လား?!။"လင်းရှိန်?!!!!"
အာခေါင်ခြစ်ကာအော်လိုက်ပေမယ့်...အရာမရောက်ခဲ့။ လင်းရှိန်ရဲ့အစနလောက်တောင်မှပေါ်ထွက်မလာ။ကွင်းပြင်ထဲမှာသူတစ်ယောက်ကလွဲဘယ်သူမှမရှိ။အစတည်းကသူတစ်ယောက်တည်းမြင်ချင်ရာတွေဇွတ်မြင်ပြီးအရူးလိုမျိုးလျှောက်ပြေးနေခဲ့တာလား..။မဟုတ်ဘူးလေ...၊ ဒီလိုမဖြစ်ရဘူးလေ..။ဈာန်မျိုးသစ်ရဲ့ခြေထောက်တွေကရပ်နိုင်စွမ်းမရှိတော့..။မြက်ခင်းပြင်ပေါ်ထချမိလျက်သား..။အမှန်တရားကနည်းနည်းလေးမှလက်ခံချင်စရာမကောင်း။သူ့စိတ်ထဲမွန်းကြပ်လာရတော့တာပဲ။
YOU ARE READING
Fight or Love
RandomKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^