^Unicode^
ခုထိတော့သူတို့တွေပြဇာတ်မတိုက်ကြရသေး။ထမင်းစားနားနေချိန်မို့ မိန်းကလေးအုပ်စုကclubထဲတွင်ဝိုင်းဖွဲ့စားသောက်ကာနေတော့သည်။ထွက်သွားပါမယ်ဆိုပြီးအသံကောင်းဟစ်ခဲ့သော မောင်မင်းကြီးသားကလည်းပြန်ရောက်လာပြန်ကာ clubတစ်ခုလုံးအတွက်စားဖို့သောက်ဖို့တွေပါမုန့်အစာသွတ်တွေလုပ်ပေးနေသေးသည်။သူနဲ့ ခေါင်းဆောင်မကတော့တစ်ခုခုပဲ။အမြဲရန်တကျက်ကျက်ဖြစ်လိုက်၊တော်ကြာနေပြန်တည့်သွားလိုက်နဲ့။မိန်းကလေးများကတော့ သူချက်ပေးတာတွေစားရင်းစကားသံတွေဆူညံနေကြသည်။ဝက်ခြံပေါက်တာတွေကအစ..၊ဘယ်ဇာတ်လမ်းကကောင်းပါတယ်ဆိုတဲ့အကြောင်းတွေအဆုံး..။စကားဝိုင်းနားမှာထိုင်ကာမုန့်စားနေတဲ့ဈာန်မျိုးသစ်မှာလည်းတဖြည်းဖြည်းနဲ့နားငြီးလာရတော့သည်။ထိုင်စရာကလည်းတခြားနေရာမရှိ။ခပ်လှမ်းလှမ်းကသက်ပိုင်နားမှာနေရာလွတ်ရှိနေပေမယ့် ဟိုကစာအုပ်တကားကားနဲ့ စာသံပေသံတွေနဲ့မို့သွားမထိုင်ချင်။အဲ့အစားစကားသံတွေကိုနားထောင်နေလိုက်တာကပဲပိုကောင်းသည်။
"Arr...ဒီအတွဲနဲ့တော့လိပ်မကြီးငါလောင်နေပါပြီဟာ!!"
ဖုန်းscreenကိုကြည့်ရင်းငိုသံပါကြီးနဲ့ထအော်တဲ့ကောင်မလေးကြောင့်ဈာန်မျိုးသစ်ပါလန့်သွားရသည်။
ဖြည်းဖြည်းသက်သာမအော်ကြဘူး!!!
"ဒီမှာကြည့်ဦးဟာ!! ငါ့ကိုကိုကသူ့ဟာလေးကိုခေါ်ပုံများ ကလေးတဲ့ဟယ်...အားး"
"ဟိုကလေးကလည်းအကြည့်တွေကိုရွှန်းလဲ့လို့"
"ကြည့်စမ်း..ကြည့်စမ်း..videoမှာပါနေတဲ့အမကြီးရဲ့အပြုံးတွေကအသက်ပဲ!!"
"အိစ့်...ဒီအတွဲမှRealမဖြစ်ရင်ဘယ်သူတွေ Realဖြစ်မှာလဲလို့!!"
"သူတို့လောက်ရိုပြနေတာသူတို့ပဲ တကယ်တည်း...မြန်မြန်ညားလိုက်ကြပါတော့လို့!!!"
"ဇာတ်ကားသာပြီးသွားတာ ထွက်လာတဲ့ရိုပုံရိုနည်းအဖြာဖြာBehind the senceတွေဆိုတာလည်းကုလားကားနီးနီးပဲ အမလေး လိပ်မကြီးလောင်တယ်လို့!! ငါ့ကိုလည်းကိုကိုရှာပေးကြပါ!"
YOU ARE READING
Fight or Love
RandomKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^