အပိုင်း ^ ၁၂ ^

1.6K 148 54
                                    

^Unicode^

လင်းရှိန်နဲ့ စာအတူတူလုပ်လိုက်ရတဲ့ တစ်ပတ်တာကလေ ဈာန်မျိုးသစ်အတွက်ဘယ်လိုပြောရမလဲဆိုတော့...တန်ရာတန်ကြေးဆိုတာကြီးသာသတိမရ‌နေရင်အဆင်ပြေပါတယ်ပေါ့။ ဟိုတစ်ရက်ကပြောထားတဲ့စကားကိုကြားယောင်မိရင်တော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲ။

ဘာတဲ့...

"တန်ကြေးတန်ကြေးအကြောင်းကတော့ အင်း...စာမေးပွဲပြီးမှဆက်ပြောကြတာပေါ့..အဟမ်း..စိတ်ဝင်စားဖို့တော်တော်ကောင်းမှာပဲ"  တဲ့။

စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကြီးကိုတော့ ဈာန်မျိုးသစ်လန့်မိသည်။ ဘာတွေများလုပ်ခိုင်းဦးမလဲမသိ။

"ဟေ့ ဈာန်!! ပထမခေါင်းလောင်းထိုးပြီ"

"အာအေး..လာပြီလာပြီ.."

အောင်သူရဲ့အသံကိုကြားတော့မှ ဈာန်မျိုးသစ်အတွေးတွေထဲမှရုန်းထွက်လိုက်သည်။ နောက်ခါလာနောက်ရှင်းပေါ့။ဒီနေ့က ဈာန်မျိုးသစ်တို့ စာမေးပွဲစဖြေရမယ့်နေ့မို့ ဒုတိယခေါင်းလောင်း မတိုင်ခင်ထွက်လာမှဖြစ်မည်။
လူရိုသေရှင်ရိုသေဖြစ်အောင် ဈာန်မျိုးသစ်စာအုပ်တစ်အုပ်နှစ်အုပ်လောက်ယူလာလိုက်သည်။ စာကျက်ဖြစ်မှာမဟုတ်ပေမယ့် စာအုပ်လေးဘာလေးများမယူလာမိလို့ မတော်တဆHyperတစ်သိုက်ကြားထဲရောက်သွားရင် အားငယ်နေရမှာ။

"အမယ်. စာအုပ်တွေဘာတွေယူလာလို့ပါလား.."

အောင်သူက ဈာန်မျိုးသစ်လက်ထဲကစာအုပ်တွေကိုကြည့်ရင်းထပြောသည်။

"မင်းတို့ကမယူဘူးလား.."

"ကောင်းမြတ်ယူလာတယ်လေ...မြန်မာစာပဲဟာ အေးဆေးပေါ့ စာနွှေးဖြစ်တယ်ဆိုရင်တောင်ငါကမင်းတို့ဆီကကပ်ကြည့်မှာ"

"ဟွန်း အချောင်ကောင်"

ဈာန်မျိုးသစ် တမင်မျက်နှာကြီးရှုံမဲ့ကာပြောလိုက်သည်။ သူကတော့ မြင်ယောင်ပြီးသား..သူတို့သုံးယောက်ပေါင်းမိရင်စာပြန်‌နွှေးတဲ့ဆီရောက်တော့မှာကိုမဟုတ်။ ဟိုး လွန်ခဲ့တဲ့အပတ်ထဲကသူသိသွားပြီးသား။တောင်ပြောမြောက်ပြောနဲ့ စာတစ်လုံးမှပြီးခဲ့တာမဟုတ်။

Fight or LoveWhere stories live. Discover now