အပိုင်း ^ ၁၈ ^

1.4K 135 32
                                    

^Unicode^

"ဘေဘီ...တွဲကြရအောင်..."

ပြောလာတဲ့ လင်းရှိန်မျက်နှာထားကခါတိုင်းနဲ့မတူပြုံးစိပြုံးစိနဲ့ ။ အကြည့်တွေကလည်းတော်တော်ကြီးမှတော်တော်ကြီးကိုရွှန်းလဲ့နေတယ်။ သူ့ကိုဝါးမျိုတော့မယ့်ရုပ်ကြီးနဲ့ ။ တကယ်ကြောက်စရာကြီး!

"ဘေဘီလို့ ...တွဲကြမယ်လေဆိုနေ..."

ဈာန်မျိုးသစ်ဘက်ကအဖက်မလုပ်ဘဲ၊ ကြက်သေသေကာကြည့်နေတော့ လင်းရှိန်ဘက်ကနေ စကားသံနောက်တစ်ခေါက်ထပ်ထွက်လာတယ်။ အသံကြီးကတဖြည်းဖြည်းကြောက်ဖို့ကောင်းလာတယ်။ လင်းရှိန်နောက်ကျောဘက်ကနေလည်း အရိပ်မဲကြီးတွေထွက်လာသလိုပဲ။

"ဟေ့ကောင်...ငါ့ဆီမလာနဲ့!!! လူယုတ်မာကောင်!!! သွား....အနားမကပ်နဲ့ ..."

လင်းရှိန်က ဈာန်မျိုးသစ်နားတဖြည်းဖြည်းချင်း လျှောက်လာတာကြောင့် သူကြောက်အားလန့်အားနဲ့ အော်ဟစ်ပြီးပြေးမိသည်။ ဒါပေမယ့် ဘယ်လောက်ဝေးဝေးပြေးပြေး ဈာန်မျိုးသစ်ရှေ့မဆက်နိုင်။ စက်လုံးကမ္ဘာတစ်မှာရောက်နေသလိုမျိုး ဘယ်လောက်ပြေးပြေး လင်းရှိန်ရှေ့ကိုသာပြန်ပြန်ရောက်နေသည်။

"ဘေ..ဘီ...တွဲ...ကြ...မယ်...လို့ .."

လင်းရှိန်ရဲ့အသံက ဆွဲငင်လာတဲ့ဘက်ကိုရောက်ရှိလာပြီး Horrorကားတွေမှာတွေ့နေကြအသံဩဩလေးလေးကြီးဘက်ကိုကူးပြောင်းစပြုလာတယ်။ လင်းရှိန်ရဲ့ အရိပ်မည်းကြီးကလည်း ဈာန်မျိုးသစ်အပေါ်ဖုံးလွှမ်းစပြုလာပြီ။

ဟင့်အင်း...မဖြစ်ဘူး...
ဒီကောင်လက်ထဲ သူဒီလိုမျိုးကျရှုံးသွားလို့မဖြစ်ဘူး..

မဖြစ်ဘူး!!!

"မဖြစ်ဘူးလို့ !!"

အော်ဟစ်ရင်း မကောင်းဆိုးရွားဝင်ပူးနေသလိုဖြစ်နေတဲ့ လင်းရှိန်ကို တွန်းထုတ်ဖို့ ခန္ဓာကိုယ်ကိုအရှိန်နဲ့ ပြေးဝင်လိုက်တော့....

"ဒုတ်.."

"အာ့..."

ဈာန်မျိုးသစ်‌ခေါင်းတို့မူးဝေသွားရပါတော့သည်။ မျက်လုံးနှစ်လုံးတို့ကိုအားတင်းဖွင့်ကြည့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတာက မျက်နှာကျက်တစ်ခု... ခပ်မှိန်မှိန်မီးရောင်လေးကလည်းဖြာကျနေသေး...

Fight or LoveDonde viven las historias. Descúbrelo ahora