^Unicode^
ဟစ်တလာ...။
ဒုတိယကမ္ဘာစစ်ကိုစဖန်တီးတဲ့သူ၊ ကမ္ဘာ့ရန်သူတော်ကြီး၊ ဂျူးလူမျိုးတွေရဲ့ မဟာရန်သူတော်ကြီး၊ နာဇီပါတီခေါင်းဆောင်၊ ခေတ်သစ်ဂျာမနီပြည်ရဲ့ခေါင်းဆောင် ......ပြီးတော့..အင်း...ပြီးတော့ဘာရှိသေးလဲ?။
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးရဲ့ ဂုဏ်ပုဒ်မျိုးစုံကို စဉ်းစားပြီးတဲ့နောက်မှာ ဦးနှောက်ကထပ်အလုပ်မလုပ်ချင်တော့။ ဒီ Assignment ကြီးကိုခပ်မြန်မြန်လက်စသတ်ချင်လာပြီ။ ခတ်တာကသူ့မှာဘာအချက်လက်မှသေချာမရှိသေးတာပဲ။ သူများတွေအေးအေးလေးလေးလုပ်ပြီးသွားတဲ့ Assignmentက ဈာန်မျိုးသစ်နဲ့ကျမှခက်ခဲရှုပ်ထွေးလွန်းပါသည်။ သမိုင်းစာအုပ်တွေထဲလိုက်ရှာကြီးကြည့်ပေမယ့် အချက်လက်တွေကဟိုတစ်စ၊ဒီတစ်စနဲ့မို့ ဈာန်မျိုးသစ်ပိုတောင်ခေါင်းရှုပ်လာသည်။ သူများတွေကူးချလို့ကောင်းနေတဲ့ googleကလဲ သူနဲ့ကျမှပဲ phကြောင်ပြီးဖွင့်လို့တောင်မရ။ နေ့လယ် 2နာရီလောက်တည်းကသူစာရှာနေတာအခု5နာရီရှိနေပြီ။ ခုထိအဆောင်မပြန်နိုင်ဘဲ သူ့မှာရှာဖွေနေရတာ။ စာကြည့်တိုက်ထဲမျာကျန်နေခဲ့တာကလည်း သူတစ်ယောက်တည်း။ ဒီကြားထဲ စာကြည့်တိုက်ထဲဆူညံဆူညံလုပ်ပါတယ်ဆိုပြီး ရုံးခန်းရောက်ခဲ့ရသေး။
ဒါတွေအကုန်လုံးက ဟိုကောင့်ကြောင့်!!!
အဲ့အကောင်သာနည်းနည်းလေးကူညီပေးခဲ့ရင် ဒီလောက်ထိသူပင်ပန်းမှာမဟုတ်...
တကယ် အယုတ်တမာကောင်!
ပြီးတော့ဒီစာအုပ်တွေလည်းအတူတူပဲ၊ ဒဲ့ပေးချလိုက်ရင်ရတဲ့ အကြောင်းရာတွေကိုကွေ့ဝိုက်ပြီးရေးနေတာ။ စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ။ အခုတော့ဖြင့် သူများတွေအေးဆေးနှပ်နေတဲ့အချိန်မှာ သူတစ်ယောက်တည်းစာထိုင်လုပ်နေရတယ်တဲ့။ မတရားလိုက်တဲ့လောကကြီးပါပဲ။
ဈာန်မျိုးသစ် တလိပ်လိပ်တက်လာတဲ့ ဒေါသစိတ်တွေကိုပြန်ချိုးနှိမ်လိုက်ပြီး စာရှာတဲ့အပေါ်မှာပဲပြန်အာရုံစိုက်ထားလိုက်သည်။ အချက်အလက်အမြန်ရှာမှဖြစ်မည်။ မဟုတ်ရင် 6နာရီအဆောင်ဂိတ်တံခါးပိတ်တာမို့မမှီဘဲဖြစ်နေတော့မှာ။
VOCÊ ESTÁ LENDO
Fight or Love
DiversosKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^