^Unicode^
အခုတော့သူငယ်ချင်းကောင်းမှုနဲ့ဈာန်မျိုးသစ်တို့တစ်ယောက်ကျောင်းရောက်လာခဲ့ပြီ။ရက်အနည်းငယ်လောက်ကျောင်းကိုမတက်ဖြစ်တော့အရာအားလုံးကဈာန်မျိုးသစ်နဲ့စိမ်းသက်နေသလို။ကျောင်းဂိတ်ဝကနေပြီး ကျောင်းဆောင်တွေကိုငေးကြည့်နေမိတာမှ တမေ့တမော..။ကျောင်းရဲ့ပုံပန်းသဏ္ဍာန်ကတော်တော်ကြီးကိုပြောင်းလဲသွားသည်။ကျောင်းရဲ့မိန်းလမ်းမကြီးကအစ..၊ကျောင်းဆောင်တွေအထိ အမျိုးမျိုး၊ပုံစံအစုံစုံသောမီးပုံးတွေမီးလုံးတွေအစီအရီ..။အထဲကိုရောက်လို့ ကွင်းပြင်းဘက်ကြည့်လိုက်မယ်ဆိုရင်လည်း ဈေးဆိုင်တန်းလို့ယူဆရတဲ့ရွက်ဖျင်တဲတွေအများအပြား..။မပြီးသေးတဲ့တဲတွေထိုးနေတဲ့ကျောင်းသားအများအပြားလည်းကွင်းပြင်ထဲမှာရှိနေသည်။
"ကဲ...မိုက်တယ်ဟုတ်!?"
ဘေးနားမှာရှိနေတဲ့အောင်သူကပါးစပ်အဟောင်းနဲ့ငေးကြည့်နေတဲ့ပုခုံးကိုလှမ်းပုတ်ပြီးပြောလိုက်သည်။
"အေး တော်တော်မိုက်တယ်..."
အောင်သူကဈာန်မျိုးရဲ့ပုံစံကိုတခွီးခွီးကြိတ်ရယ်နေပြီးမှ..
"မေ့တော့မလို့...မင်းအတွက်clubတစ်ခုငါတို့joinပေးထားတယ်သိလား..ဟီး..မင်းကြိုက်မှာပါ"
"Club?"
"အဟဲ...ကောင်းမြတ်ရှင်းပြလိုက်ပါဦး.."
အေးအေးဆေးဆေးနေနေတဲ့ကောင်းမြတ်ကိုတံတောင်နဲ့တွတ်ရင်းစစ်ကူတောင်းလိုက်တဲ့အောင်သူ့ကိုဈာန်မျိုးသစ်မျက်လုံးတွေမှေးကျဉ်းရင်းကြည့်လိုက်မိသည်။
ဒီကောင်တွေရိုးမှရိုးရဲ့လား....
"အဲ...အဲ့ဒါက..ဒီလို.."
ပြောရခက်နေသလိုဖြစ်နေတဲ့ကောင်းမြတ်ပုံစံကြောင့် ဈာန်မျိုးသစ်သေချာသိလိုက်ပြီ။ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်။
"ကျောင်းအုပ်ကြီးကပြောတယ်...ဒီပွဲတော်မှာကျောင်းသားတွေကိုအခန်းကဏ္ဍတစ်ခုခုမှာပါဝင်ရမယ်ဆိုပြီး..ပါဝင်ရင်အမှတ်လည်းရမယ်တဲ့ကွာ..အဲ့တော့အကုန်လုံးကclubတွေဖွဲ့ပြီးjoinကြတယ်...ပြီးရင်clubလိုက်ဈေးရောင်းတာတွေအစီစဉ်တင်ဆက်တာတွေလုပ်ကြဦးမှာ...ငါကကျတော့စာပေclubထဲဝင်လိုက်တယ်...အောင်သူကျတော့ စီနီယာတို့ရဲ တွဲလက်ပရဟိတclubနဲ့ပေါင်းပြီးပွဲဖြစ်မြောက်ရေးမှာဝိုင်းကူနေတယ်...မင်း..မင်းကိုကျတော့...."
YOU ARE READING
Fight or Love
RandomKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^