အပိုင်း ^ ၈ ^

1.6K 146 27
                                    

^Unicode^

မူးဝေ‌ထုံရီနေတဲ့အနံတွေကြားထဲမှာဈာန်မျိုးသစ် ခေါင်းမူးချင်လာရပါသည်။ ဖြစ်နိုင်ရင်ဒီနေရာကထွက်သွားချင်လှပြီ။ ဒါပေမယ့်အတင်းကိုပဲဆွဲ‌‌ခေါ်ထားတဲ့ လီယိုဆိုတဲ့ကောင်ကြောင့် ဈာန်မျိုးသစ်နည်းနည်းမှမလှုပ်နိုင်။
နေရာမှာထိုင်ပြီး အခန်းတွင်းအခြေနေကိုသာ ထိုင်ကြည့်နေတာ့သည်။ လီယိုဆိုတဲ့ကောင်ကအငြိမ်မနေသလောက် ဒေးဗစ်ကတော့တည်ငြိမ်နေသည်။ အရက်ကိုသာအေးဆေးထိုင်သောက်နေသည်။ ဒါပေမယ့် လျှော့တွက်လို့ရတဲ့သူတော့မဟုတ်။

"ယံလေးရာ...မဆိုးနဲ့ကွာ..တော်လိုက်တော့"

"ကိုကိုကလည်း...ဒီတစ်ခွက်ပဲ...ဒါနောက်ဆုံး....ချစ်တယ်လေနော်...အူးမွ...အူးမွ"

"အာ...ယံယံကတော့ကွာ...အသည်းယားအောင်လုပိနေပြန်ပြီ ဟ..ဟ"

ဈာန်မျိုးသစ်အတွေးတွေလွန်နေတုန်းမှာ ဟိုဘက်ထောင့်မှာထိုင်နေတဲ့အတွဲဆီကချစ်ကြည်နူးတစ်တီတူးနေတဲ့အသံတွေထွက်လာသည်။နှစ်ယောက် တစ်ကမ္ဘာတည်နေသလားအောက်မေ့ရတယ်။

သောက်RSတွေ!!!
မျက်စိကိုနောက်တယ်....
အကုန်ပြတ်စမ်းကွာ!!...

တွေကအရှေ့တည့်တည့်ကိုပို့မိတဲ့အချိန်မှာတော့ စိတ်ဆင်းရဲမှုအလုံးစုံဝင်ရပါတယ်။ သူ့အရှေ့တည့်တည့်မှာရှိနေတာက..လင်းရှိန်ဆိုတဲ့ကောင်။ သူ့ကိုစိုက်ကြည့်နေတာ။

ဒါတွေအကုန်လုံးဒီကောင်ကြောင့်ပဲ...

လင်းရှိန်ကိုမြင်လိုက်ရတာနဲ့ ရင်ထဲပူလောင်လာရတာကြောင့် အနားမှာရှိတဲ့ရေခွက်ထဲက‌ ရေကိုတစ်ချက်မော့သောက်လိုက်သည်။

"ဖွီးးး အရက်တွေ!!"

"ဟာ..ဟေ့ကောင်အကုန်ပေကုန်ပြီကွ!! ချီး!!"

ဈာန်မျိုးသစ်အလန့်တကြာထွေးထုတ်လိုက်မိတာနဲ့ ဘေးနားကလီယိုရဲ့ ကျိန်ဆဲသံကထွက်ပေါ်လာသည်။ ပြီးတော့ ပွစိပွစိ‌နဲ့ သန့်စင်ခန်းဘက်ကိုထွက်သွား‌တော့သည်။ ဈာန်မျိုးသစ်ကတော့ခါးသက်သက်အရသာကြီးကြောင့် အန်ချင်စိတ်ပါဖြစ်လာရသည်။ ထွေးထုတ်လိုက်မိတာတောင်တစ်ဝက်လောက်ကပါးစပ်ထဲဝင်သွားသေး။ ဒီလိုအရသာကြီးကို လူတွေဘာကြောင့် စွဲစွဲလမ်းလမ်းသောက်နေကြလဲ တကယ်စဉ်းစားမရဘူး။

Fight or LoveDonde viven las historias. Descúbrelo ahora