^Unicode^
"သက်ပိုင်....သက်ပိုင်"
လီယိုတစ်ယောက်မတ်တပ်ကြီးရပ်ရင်းအရူးတစ်ယောက်လိုမျိုး 'သက်ပိုင်'ဆိုနာမည်ကိုထပ်တလဲလဲရေရွတ်နေမိသည်။
သက်ပိုင်ဆိုတဲ့ကောင်လေးကဘာလို့များ ဒီလောက်ထိသူ့စိတ်ကိုရှုပ်ထွေးလာစေရတာလဲ...?
Pieနဲ့ သက်ပိုင်က...ဘယ်နေရာကများတူနေလို့လဲ...?သူသိခဲ့ဖူးတဲ့ Pieကအကြောက်လန့်ကင်းသည်။ လွတ်လပ်တဲ့ပုံစံနဲ့ အရာရာကိုရဲရဲတင်းတင်းရှိသည်။ တစ်ခြားသူတွေနဲ့မတူတဲ့ဆွဲဆောင်မှုလည်းရှိသည်။ ဒီကြားထဲလူကောင်လေးနဲ့မလိုက်အောင် လျှို့ဝှက်ချက်တွေများသေးသည်။
သက်ပိုင်...?။ သက်ပိုင်ကတော့ ခပ်တုံးတုံးအအပုံစံနဲ့။တွေ့လိုက်ရတဲ့အချိန်ခဏလေးမှာတင် ထိတ်လန့်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့သာ လူကိုကြည့်ပြီးထွက်ထွက်ပြေးသည်။ Pieနဲ့ဆိုတာလုံးဝဆန့်ကျင်ဘက်။ ဒီနှစ်ယောက်ကဘယ်လိုကြောင့်များ...။
လီယိုတစ်ယောက်စာကြည့်တိုက်ထဲငေးငိုင်ပြီးစဉ်းစားနေတာအချိန်ဘယ်လောက်ကြာသွားလဲမသိ။ နာရီကိုကြည့်မိလိုက်တဲ့အချိန်မှာ ကျောင်းဆင်းချိန်ရောက်နေပြီ။
မဖြစ်တော့...သူတစ်ခုခုတော့သေချာသိအောင်လုပ်ရမှဖြစ်တော့မယ်...
စာကြည့်တိုက်ထဲကနေထွက်လာပြီး လီယိုရဲ့မြန်ဆန်တဲ့ခြေလှမ်းတွေက ကျောင်းရုံးခန်းဆီကိုနောက်ထပ်တစ်ခေါက်။ သက်ပိုင်ဆိုတဲ့ကောင်လေးနဲ့ပတ်သက်ပြီးဒွိဟဖြစ်နေတဲ့စိတ်ကြီးကိုရှင်းလင်းချင်တာမို့ ...။
"ဟေ့...ကျွန်တော့်ကိုသက်ပိုင်ဆိုတဲ့ကောင်လေးနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်ပြပေး..."
ရုံးခန်းထဲကို ဒုတိယအကြိမ်မြောက်အဖြစ်ဝုန်းဒိုင်းကြဲပြီးရောက်ချလာတဲ့ လီယိုကြောင့် လက်စွဲတော်အိတ်ထဲပစ္စည်းတွေ၊fileတွဲတွေထည့်ပြီးရုံးဆင်းဖို့ပြင်ဆင်နေတဲ့ ကျောင်းအုပ်ကြီးခမျာ့ ငိုချင်းချပစ်ချင်စိတ်ပေါက်လာရတော့သည်။
ဒီတစ်နေ့လုံးသူ့ကိုပဲလာလာ ခလုတ်တိုက်နေကြတာပဲ...
"ဟို..မနက်မှလာလို့မရဘူးလား...အခုက ရုံးဆင်းရမှာဆိုတော့လေ.."
VOCÊ ESTÁ LENDO
Fight or Love
DiversosKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^