^Unicode^
"ဟဲ့သိလား..လင်းရှိန်နဲ့အဲ့တစ်ယောက်ကလေ..."
"သူကလင်းရှိန်နဲ့တွဲနေတာတဲ့.."
"အိုက်ယား....သူတို့နှစ်ယောက်တကယ်လိုက်တယ်နော်..."
"Supportမယ်ဟယ်..."
"ဟင့် မတရားလိုက်တာကွာ..ငါကျတော့ခုထိFAတဲ့လားကွာ..."
"ဪ...လူမိုက်ကောင်တောင်ဘဲနဲ့ပါလား..
ဪ..ငါ့မှာလည်းစော်ရှိတာပါလား.."ဈာန်မျိုးသစ်တစ်ယောက် ကျောင်းထဲဝင်လိုက်တယ်ဆိုရင်ပဲ အသံတွေကပေါင်းစုံနဲ့။ အမျိုးမျိုးသောမှတ်ချက်တွေ၊ အချင်းချင်းမကြားတကြားအတင်းတုတ်နေတာတွေ။ စကားလုံးတွေကတော့စုံနေပေမယ့်ပြောနေတဲ့အကြောင်းရာကတော့ ရှင်းပါတယ်။ သူနဲ့ ဟိုလူဆိုးကောင်နဲ့ တွဲနေပါတယ်ဆိုတဲ့အကြောင်းတွေချည်း။
စိတ်မသက်သာလိုက်တာ....
ကျောင်းခန်းထဲကို ဈာန်မျိုးသစ်စိတ်ပျက်လက်ပျက်နဲ့ပဲဝင်လာခဲ့သည်။ ဈာန်မျိုးသစ်အခန်းထဲဝင်လာတော့လည်း အခန်းထဲကလူတွေကကွက်ကြည့်ကွက်ကြည့်နဲ့။
အကုန်လုံးကသောက်ကျိုးနည်းတွေချည်းပဲ။"ဈာန်...ဈာန်မျိုးသစ်...ဟုတ်တယ်မှတ်လား.."
ဈာန်မျိုးသစ်တစ်ယောက် ခုံမှာဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ..သွားအဖြီးသားနဲ့ကောင်မလေးတစ်ယောက်က သူ့နားကိုအပြေးအလွားနဲ့ရောက်ချလာပြီးမေးသည်။ တစ်ခန်းလုံးကလည်း သူတို့ကိုသိသိသာသာရော၊ မသိမသာရောဝိုင်းကြည့်နေကြသည်။
"ဟုတ်တယ်မှတ်လားလို့?!!"
ဈာန်မျိုးသစ် ပြောစရာစကားပျောက်ရှနေတုန်းမှာပဲ..ကောင်မလေးဆီကအသံကထပ်ထွက်လာသည်။ သူတော့တကယ်လက်လန်မိပါတယ်။
"ဟုတ်တယ် ဘာလို့လဲ..."
ဈာန်မျိုးစိတ်မကြည်နေမှုကြီးကြောင့် အသံကနည်းနည်းတော့မာသွားသည်။ ဒါပေမယ့်လည်း မတက်နိုင်ဘူး။ အခုချိန်တော့ သဘောမကောင်းချင်တော့ဘူး။
"ဟီး..ဟို..မေးစရာလေးရှိလို့ .."
ဘာလား....
"အင်း?"
ဈာန်မျိုးသစ် မျက်ခုံးပင့်မိသွားသည်။ ဘာတွေအထူးအဆန်းတွေလာလုပ်နေတာတုန်းဟ။
![](https://img.wattpad.com/cover/218037557-288-k480058.jpg)
VOUS LISEZ
Fight or Love
AléatoireKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^