အရုဏ်ဦးရဲ့ချစ်ခြင်းအလင်းရောင်...ဒီနာမည်လေး ပေးဖြစ်ပုံကဒီလို....
အစတုန်းက ဒီဇာတ်လမ်းလေးအတွက် နာမည်ကို မမွန်ဆီမှာလက်ဆောင် သွားတောင်းတာ...
ကိုယ်သဘောကျတဲ့စာရေးသူတစ်ယောက်ဆီက အမှတ်တရလေးတခုရရင်ကောင်းမယ် ဆိုပြီးပေါ့...မမွန်က ဟန်မီ့ကိုပြောတယ်...လက်ဆောင်လိုချင်တယ်ဆိုရင် မမွန်ကတော့ ပေးမှာပါတဲ့...ဒါပေမဲ့ ကိုယ်ရေးမယ့် ဇာတ်လမ်းလေးကို ကိုယ်တိုင်နာမည်ပေးရင် အမှတ်တရပိုမဖြစ်ဘူးလားတဲ့...
ဒါလည်းဟုတ်တာပဲဆိုပြီး မမွန်ကိုတော့ ဒါဆိုရင် ဟန်စဉ်းစားထားတဲ့ ခေါင်းစဉ်လေးတွေထဲက ဇာတ်လမ်းနဲ့လိုက်မယ့်ဟာလေးတော့ ရွေးပေးပါဆိုပြီး..အကူညီတောင်းလိုက်တယ်...
ကိုယ်စဉ်းစားတော့ ခေါင်းစဉ်သုံးခုထွက်လာတယ်...
အဲ့ထဲကမှ ဒီခေါင်းစဉ်လေးကို မမွန်ကပိုလှတယ်ဆိုလို့ ကိုယ်တိုင်လည်းသဘောကျနေတာနဲ့ ဒါလေးပဲ ထားလိုက်တော့တယ်...ဒီဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်...
ဟန်အရင်ရေးခဲ့တဲ့ ဇာတ်လမ်းတွေလိုမျိုး လှည့်ကွက်တွေ၊ dramaတွေမခင်းဘဲ ယောကျ်ားလေးနှစ်ယောက်ကြားက ချစ်ခြင်းကို ဟန်တွေးထားတဲ့plotလေးနဲ့ ဖြည်းဖြည်းချင်းပုံဖော်သွားမှာ...ရိုးရိုးလေးပါပဲ...ဇာတ်လမ်းကရှေ့ဆက်ဘာဖြစ်မယ်ဆိုတာကို ကြိုသိချင်လည်းသိနိုင်လောက်တယ်...ဒါပေမဲ့ ဖတ်ရတာမရိုးအီစေရဘူး...ပြောနေကျစကားတစ်ခွန်းရှိတယ်လေ..."အရိုးရှင်းဆုံးက အဆန်းဆုံးဖြစ်နိုင်တယ်.."လို့
ဖတ်ချင်လာအောင် ဆွယ်နေတာ...ဆွယ်နေတာ...😂
ကိုယ်ဆွယ်နေသလို ပါလာပေးကြဖို့ မျှော်လင့်ပါတယ်...ဒီဇာတ်လမ်းလေးထဲမှာ အဓိကဇာတ်ကောင်လေးကတော့ နှစ်ယောက်ပါ....
နန္ဒသွေး နဲ့ နေဝေသော် တဲ့...
အရုဏ်ဦးရဲ့ချစ်ခြင်းအလင်းရောင် ဆိုတဲ့အတိုင်း
ဘယ်သူကတော့ ဘယ်သူ့ရဲ့အလင်းရောင်လေး ဖြစ်လာမလဲဆိုတာ ဟန်နဲ့အတူ စောင့်ကြည့်ကြရအောင်😘အတတ်နိုင်ဆုံးupdateမကြာအောင်တော့ ကြိုးစားပါ့မယ်...အရင်လိုပဲ အတူတူ ဝေဖန်လေကန်ကြမယ်နော်😂...
ဟန်နဲ့ ဟန့်ဇာတ်ကောင်လေးတွေကို
အထီးမကျန်စေဘူးလို့ မျှော်လင့်ပါတယ်...❤Love you all😘
Han_Me
Starting date:(4.5.2019)
YOU ARE READING
Romance(Zawgyi) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... (Unicode) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... Own...