အပိုင်း(၁၇)(Unicode)
2.2K 205 7
"အပေါ်မှာ အကြာကြီးနေရဦးမှာဆို
ဘာဖြစ်လို့ ခဏလေးနဲ့ပြန်ဆင်းလာတာလဲ..."
ပခုံးဖက်ထားဆဲ သူ့လက်ကို ဆွဲဖယ်...၊ အနောက်တစ်လှမ်းတိုးဆုတ်ရင်း မေးလိုက်တော့ ခပ်ဟဟရယ်ပါသည်။
"ငါမှ မင်းနဲ့ဝေးဝေး မနေနိုင်တာ...စိတ်က မင်းဆီပဲရောက်နေတော့ ဘယ်လိုလုပ်မလဲ..."
မျက်နှာထက်ပူထူသွားသောအသိကြောင့် တစ်ဖက်သို့ လွှဲလိုက်မိသည်။ သူကတော့ ဒီလိုစကားတွေကို လွယ်လွယ်လေး ပြောထွက်နိုင်ပေမယ့် နားထောင်ရသူကျွန်တော့်မှာ ကြက်သီးတွေ
ထမိလျှက်....။
သို့သော်လည်း ဘာစကားမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်သွားရသည့်အဖြစ်ကို နားမလည်မိဖြစ်နေတုန်း ကျွန်တော့လက်ဖဝါးတွင်းသို့ နူးနူးညံ့ညံ့လက်ဖဝါးတစ်ဖက် တိုးဝင်လာသည်။
"အောက်မှာမစောင့်ဘဲ အပေါ်လိုက်ခဲ့ပါလား ကူးလေး...
မင်းသာ ဘေးနားရှိနေရင် ငါစိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်နိုင်မယ်ထင်တယ်..."
တော်တော်ပိုတဲ့ကောင်လို့.....စိတ်ထဲက မကျေမနပ်ရေရွတ်လိုက်သော်လည်း ခေါင်းညိတ်ခဲ့မိသည် လားမသိ ပြုံးရယ်နေသော သူ့မျက်နှာကို တွေ့မြင်လိုက်ရပြီးနောက်တွင်တော့ သူဆွဲခေါ်ရာနောက်သို့
ကျွန်တော့ကိုယ်လည်း တရွေ့ရွေ့....ပါသွားခဲ့သည်။
ခပ်တန်းတန်းနေမယ်လို့ ဆုံးဖြတ်ထားတဲ့ စိတ်ကို ဆန့်ကျင်နေတဲ့ အပြုအမူတွေကြောင့် တစ်ကိုယ်တည်း ရေရွတ်မိသည်က ခက်တော့နေပါပြီ....ဟု...။
ဓာတ်လှေကားထဲရောက်သည်အထိ လက်မဖြုတ်တမ်း ကိုင်ထားဆဲအခြေအနေကို ငြင်းဆန်ဖို့ရန် ကျွန်တော့မှာ အခွင့်အရေးရှိလျှက်နဲ့ ဖွဖွကလေးသာ တွဲထားသော နေဝေသော်၏ လက်ဖဝါးနုနုကို အားနာမိ၍ ငြိမ်နေခဲ့သည်။
ရှေ့တည့်တည့်သာ မျက်နှာမူထားသူကို ခေါင်းစောင်းကြည့်မိသောအခါ ပါးပြင်ပေါ်က မှဲ့ကလေးတစ်ခု ချိုင့်ဝှမ်းထဲတွင် ပျောက်ကွယ်နေသည်ကို တွေ့မြင်ခဲ့ရသည်။
သူပျော်နေတာပါလား....။
လက်ကလေးကိုင်ထားရရုံကို စိတ်ရှိလက်ရှိ ပြုံးရယ်နေတဲ့ နေဝေသော့်ချစ်ခြင်းက ဘယ်လိုများလဲ...။ မတွေးစဖူး တွေးကြည့်မိခဲ့သော်လည်း ဘာအဖြေမှမထွက်...။ ဓာတ်လှေကားပွင့်ချိန်အထိ ငြိမ်ရပ်နေမိခဲ့တဲ့ ကျွန်တော့ကိုယ်ကျွန်တော်လည်း အံ့သြနေမိပါသည်။