စာချုပ်စာတမ်းကိစ္စ အဆုံးသတ်ပြီး၍ နေဝေသော်တို့နှစ်ယောက် ရုံးခန်းထဲမှ ပြန်ထွက်မည်လုပ်တော့ တည်တံ့သစ္စာက နေဝေသော်ကို ခဏနေခိုင်းထားသဖြင့် နန္ဒသွေးတစ်ယောက်တည်းသာ အောက်ပြန်ဆင်းလာခဲ့ရသည်။
"မင်းဘာတွေပွားဦးမလို့လဲ..."
နေဝေသော်က တည်တံံ့သစ္စာကိုစချင်၍ နောက်ပြောင်ပြောလိုက်သော်လည်း တည်တံ့သစ္စာ၏ မျက်နှာထက်တွင် လေးနက်မှုဟန်ပန်တွေကို တွေ့နေရသည်ကြောင့် အနေမတတ်ဖြစ်ကာ အခန်းထဲတွင် ဟိုလျှောက်ဒီလျှောက် လုပ်နေမိသည်။
ထိုအချိန်တွင် တည်တံ့သစ္စာက
"အငယ်လေး...ငါမင်းကိုသေချာပြောမယ်...
ငါ့ကိုပြန်မနောက်ဘဲ... ကောင်းကောင်းနားထောင်..." ဟု ပြောလိုက်သောကြောင့် နေဝေသော်တစ်ယောက် လမ်းလျှောက်နေရာမှရပ်ကာ တည်တံ့သစ္စာအနားတွင် သွားထိုင်လိုက်သည်။"ငါအခုမင်းကို ကူညီပေးနေတယ်ဆိုတာက အားပေးအားမြှောက်လုပ်နေတာ မဟုတ်ဘူးလို့ သိစေချင်တယ်...
ဟိုကောင်လေးကိစ္စနဲ့ပတ်သတ်ပြီး လေးလေးကို ပြန်မတိုင်ဘူးဆိုတာကလည်း မင်းမှာ မင်းရည်ရွယ်ထားသလို လုပ်ပိုင်ခွင့်ရှိလို့...
ဒါပေမဲ့ မိဘဆိုတာမျိုးက သားသမီးကို သဘာဝနဲ့သွေဖည်တာမျိုးမဖြစ်စေချင်တာ မင်းသိထားရမယ်...
အဲ့တာကြောင့် တစ်ယောက်တည်းထင်ရာ လျှောက်မလုပ်စေချင်ဘူး...တစ်ခုခုဆို ငါ့ကိုတိုင်ပင်...
ပြီးတော့ မင်းကိုယ်မင်း ဂေးဆိုတာ သေချာနေပြီဆိုပေမဲ့ တစ်ဖက်ကကောင်လေးမှာလည်း သူ့ကိုယ်ပိုင်စိတ်ခံယူချက်ရှိတယ်...
အတင်းဖိအားမပေးမိစေနဲ့...ဒီတစ်နှစ်အတွင်းမှာ သူ့စိတ်တွေမင်းဆီ
ယိမ်းမလာခဲ့ရင် လက်လျှော့နိုင်ဖို့အတွက် စိတ်ကိုသေချာပြင်ဆင်ထား...သူစိမ်းတစ်ယောက်အပေါ်
သံယောဇဉ်သိပ်မထားတာ အကောင်းဆုံးပဲ...
ငါပြောတာနားလည်လား...အငယ်လေး...""ကျွန်တော်နားလည်ပါတယ် အစ်ကိုရာ...."
နေဝေသော်တစ်ယောက် ခေါင်းကိုခပ်လေးလေးပင် ညိတ်လိုက်မိပါသည်။ တည်တံ့သစ္စာ၏ပြောစကားတွေကို ကြားပြီး စိတ်ထဲတွင်လေးသွားမိသော်လည်း ဘာကြောင့်ရယ်ဟု သေသေချာချာမသိခဲ့ပေ။
YOU ARE READING
Romance(Zawgyi) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... (Unicode) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... Own...