အပိုင်း(၂)(Unicode)
4.8K 386 2
"What the....."
နေဝေသော်စိတ်ထဲမှ ကျိတ်၍ကျိန်ဆဲမိခြင်းဖြစ်သည်။ ဓာတ်လှေကားထဲရှိနေတုန်း ဖုန်းခဏကိုင်မိရာမှ ဝင်လာသော messageတစ်စောင်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
Messageထဲ ရေးထားသည်က...
"Oppa...Oppa ဓာတ်လှေကားထဲဝင်သွားတာ တွေ့လိုက်တယ်...နေခြည်မှီအောင်လိုက်ခဲ့မယ်..." ဟူ၍...။
နေခြည်ဆိုသောနာမည် တွေ့လိုက်သည်နှင့် ခေါင်းကြိမ်းကြိမ်းသွားရသည့် နေဝေသော်။ အကြောင်းမှာ နွေးနေခြည်ဟုအမည်ရသော ကောင်မလေးသည် သူမဘေးတွင် အမြဲဝန်းရံနေတတ်သော သူငယ်ချင်းမ နှစ်ယောက်နှင့်အတူ နေဝေသော်သွားလေရာနောက် တကောက်ကောက်လိုက်၍ ဒုက္ခပေးတတ်သောကြောင့် ဖြစ်သည်။
မိန်းကလေးဆိုသော်လည်း အကြောက်အရွံ့မရှိ နေဝေသော့်ကိုတွေ့သည်နှင့် Oppaဟုခေါ်ကာ အနားတွင်
တောက်တဲ့တစ်ကောင်လို ကပ်နေတတ်သည်ပင်။ နေဝေသော်မှာ အမြင်ကတ်ကတ်နှင့် မိမိမှာဂေးတစ်ယောက် ဖြစ်ကြောင်း ပြောပြထားသော်လည်း နွေးနေခြည်က အယုံအကြည်မရှိဘဲ အနောက်မှ ဆက်လိုက်နေဆဲဖြစ်၍ စိတ်ရှုပ်ရပါသည်။
Messageကိုဖတ်ပြီး စိတ်ညစ်နေတုန်း တတိယထပ်အရောက်တွင် ဓာတ်လှေကားတံခါးပွင့်သွားပြီး
နွေးနေခြည်နှင့်သူငယ်ချင်းနှစ်ယောက်၏ အသံစူးစူးကို ကြားလိုက်ရသဖြင့် ကိုယ်တိုင်ပင်မသိလိုက်ဘဲ အနောက်တွင်ရပ်နေသော လူတစ်ယောက်၏ကျောနောက်သို့ ပြေးကပ်မိသည်။
ထင်သည့်အတိုင်းပင် တံခါးပွင့်လာသည်နှင့် မြင်လိုက်ရသည်က ဆံပင်နှစ်ဖက်စည်းနှင့် ဖြူဖြူလုံးလုံးကောင်မလေး နွေးနေခြည်ပင်ဖြစ်သည်။ သူမနှင့်ဆိုက်တူဂိုက်တူ ပုပုသေးသေးကောင်မလေး နှစ်ယောက်လည်း အတူပါလာသည်ကို တွေ့ရပါသည်။
တတိယထပ်အထိ လှေကားနှင့် အပြေးတက်လာကြသော သူမတို့သုံးယောက်လုံးမှာ မောနေပုံရသော်လည်း နေဝေသော်ကို မြင်လိုက်သည်နှင့် သွားညှိစက်ကလေးတွေ ပေါ်အောင် အားရပါးရပြုံးကြသည်။ နေဝေသော် အကြောက်ဆုံးမှာလည်း သူမတို့၏ သွားညှိစက်အပြုံးကို ဖြစ်သည်။ ပထမတော့ ပြုံးပြသည်။ ပြုံးပြပြီးလျှင် oppaဟုခေါ်ပြီး အနားမှာလာကပ်နေမည်မို့ မိမိရှေ့တွင်ရှိနေသော လူ၏အကျႌကိုသာဆွဲပြီး ဓာတ်လှေကားထောင့်တွင် ကပ်လိုက်သည်။