အပိုင်း(၁၁)
3.9K 390 37
"ငါက အခုအချိန်ထိ မိသားစုအပေါ် မလိမ္မာသလိုဖြစ်နေတာလား...
အစ်ကို...မင်းဖြေကြည့်စမ်းပါ...
ငါ့ကိုအလိုလိုက်ခဲ့လို့ဆိုပြီး ပါးပါးရော မင်းရော
နောင်တရနေကြပြီလား..."
ခပ်ဟဟဖွင့်ထားသော ပြတင်းအပြင်ဘက်ရှိ မည်းမှောင်နေသော ပတ်ဝန်းကျင်ကို ငေးကြည့်နေသည့် အငယ်လေးရဲ့စိတ်ထဲတွင် ဘာတွေတွေးနေမည်လဲ။
အပြင်ပန်းပုံစံကိုကြည့်ပြီး ခါတိုင်းကနှင့်မတူဘဲ တစ်ခုခုတော့ဖြစ်နေသည်ဟု ခန့်မှန်းနိုင်သော်လည်း သူမေးတဲ့ မေးခွန်းအတွက် သင့်တော်သောအဖြေတစ်ခု ပေးနိုင်ဖို့တော့ ခက်နေသည်။
အငယ်လေးရဲ့စိတ်ကို သေချာမသိဘဲ ပြန်ဖြေလိုက်သည့် အဖြေတစ်ခုကြောင့် အတွေးပိုများသွားမည်ကိုစိုး၍....
"ဘာဖြစ်လို့ဒီလိုမေးရတာလဲ...အငယ်လေး...
မင်းကို ဘယ်သူက ဘာပြောလိုက်လို့လဲ...."
နေဝေသော်သည် နဖူးထက်ကဆံပင်ကို လေနှင့်ခပ်ပြင်းပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးမှ တည်တံ့သစ္စာကို စကားပြန်ပြောသည်။
"အစ်ကို...မင်းကအမြဲတမ်း...
ဖြေစရာရှိတာမဖြေဘဲ မေးခွန်းပြန်ထုတ်တယ်နော်..."
နေဝေသော့်စကားကိုကြားတော့ တည်တံ့သစ္စာတစ်ယောက် ခပ်ဟဟရယ်ပါသည်။ စကားကိုကောင်းကောင်းမွန်မွန် ပြန်မပြောသော်လည်း တည်တံ့သစ္စာမှာ စိတ်မဆိုးမိ။
နေဝေသော်တွင် ပြောချင်စိတ်ရှိလျှင် ပွင့်ပွင့်လင်းလင်း ပြောတတ်ပြီး ပြောချင်စိတ်မရှိလျှင်တော့ ဘယ်လိုမေးမေး ပြန်မဖြေဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်သော အကျင့်ကလေးရှိသည်။
သို့ဖြစ်၍ တည်တံ့သစ္စာသည် မိမိအား အပြစ်ပြန်တင်ဟန် လွှမ်းလာသော စကားတစ်ခွန်းကြောင့် ညီဖြစ်သူ မဖြေချင်သည်ကိုသိသည်နှင့် ဆက်မမေးတော့ဘဲ နေဝေသော့်အမေးနှင့် ပတ်သတ်ပြီး စိတ်ထဲရှိသည့်အတိုင်းပင် ပြောလိုက်ပါသည်။
"ဒါဆို သေချာနားထောင်...."
စကားဦးသန်းလိုက်သောအခါ ပြတင်းအပြင်ဘက်ကိုငေးနေရာမှ ကျွန်တော့ဘက်လှည့်လာပြီး ကျွန်တော့မျက်နှာကို သေချာကြည့်နေလေသည်။ ကျွန်တော်နှင့် အငယ်လေးမှာ စကားပြောသည့်အခါတိုင်း သက်တောင့်သက်သာ ပြောလေ့ရှိသော်လည်း ယခုအခြေအနေကတော့ ခါတိုင်းထက်ပို၍ လေးလေးနက်နက်ရှိနေသည်မို့ တစ်မျိုးဖြစ်နေမိတာတော့အမှန်။