အပိုင်း(၉)(Unicode)
2.6K 246 7
နန္ဒသွေးအပြင်ပြန်ထွက်လာသည်နှင့် နေဝေသော်နှင့်တည်တံ့သစ္စာတို့မှာ...တံခါးပေါက်၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေရာမှ ချက်ချင်းဆိုသလို နန္ဒသွေးရှေ့သို့ ရောက်လာကြပြီး...နှစ်ယောက်သားသည် သိလိုစိတ်ပြင်းပြနေသော မျက်နှာကိုယ်စီနှင့်
"ပါးပါး...မင်းကို ဘာတွေပြောနေတာလဲ...နန္ဒသွေး...
ဘာပြဿနာမှ မရှိခဲ့ဘူးမှတ်လား....
မင်းဘာတွေ ထပ်ပြောလိုက်သေးလဲ..."
"လေးလေးနဲ့ စကားပြောလို့ အဆင်ပြေလား..."
တံခါးပိတ်ပြီး အနောက်သို့အလှည့် ဘယ်အချိန်ကတည်းက အနားရောက်နေမှန်းမသိသော ညီအစ်ကိုနှစ်ယောက်ကြောင့် လန့်သွား၍မှမဆုံးသေး တရစပ်တိုးဝင်လာသော မေးခွန်းတွေကြောင့် အစောပိုင်းကအေးသွားသော စိတ်ကလေးမှာ ပြန်ရှုပ်လာရပြန်သည်။
"ဘယ်သူမေးတာကို အရင်ဖြေရမှာလဲဗျ...."
မျက်နှာတည်တည်နှင့် ခနဲ့ပြောလိုက်တော့
တည်တံ့သစ္စာက အားတုံ့အားနာပြုံး၍
သူ့ခေါင်းလုံးလုံးကို လက်နှင့်ပွတ်သည်။
အားမနာသည်က နေဝေသော်...။
"ငါမေးတာ...အရင်ဖြေ....
ပါးပါး ဘာတွေပြောလိုက်လဲ...."
"ဘာမှမဟုတ်ပါဘူး....
ဒီတိုင်း ကားမောင်းရတာ အဆင်ပြေ၊မပြေ
ပေါ့ ဒါပါပဲ...."
"တကယ်.....ဒါပဲလား...."
မယုံသင်္ကာနှင့် ထပ်မေးနေပြန်တာကြောင့် စိတ်မရှည်ဟန်ပြုကာ ခေါင်းညိတ်ပြလိုက်တော့ တည်တံ့သစ္စာမှာ အကင်းပါးသူမို့...
နေဝေသော့်လက်မောင်းကိုကိုင်ကာ ခပ်ဝေးဝေးသို့ဆွဲခေါ်လာသည်။
"မင်းကလည်း သူခိုးစစ်သလိုပုံနဲ့....
သွားမေးနေတယ်...
လေးလေးက သူ့ကိုဒရိုင်ဘာအနေနဲ့သိထားတာကို
ဘာများပြောမှာမို့လို့လဲ...ဒီတိုင်း...လူကိုတွေ့ချင်ရုံ
နေမှာပါ....."
နေဝေသော်က ခေါင်းကိုခပ်ဖြည်းဖြည်းခါပါသည်။
"မဟုတ်ဘူး....မဟုတ်ဘူး....
ပါးပါးက သူ့ကိုတွေ့ချင်တာထက် ငါ့ကို မယုံသင်္ကာဖြစ်နေတာ ဖြစ်ရမယ်....