အပိုင်း(၁၅)(Unicode)
2.3K 199 2
တည်တံ့သစ္စာတစ်ယောက် Laptopထဲသို့ အာရုံဝင်စားနေခိုက်...
"ဒေါက်...ဒေါက်...ဒေါက်..."
"ဝင်ခဲ့ပါ..."
အေးအေးသက်သာပြန်ဖြေလိုက်ရသော်လည်း စိတ်ထဲတွင်တော့ အလိုမကျဖြစ်နေခဲ့သည်။ အလုပ်တအားရှုပ်နေသည့်အချိန်တွင် အနှောင့်အယှက်ပေါ်လာသည်လောက် စိတ်အခန့်မသင့်ဖြစ်ဖွယ်ရာမရှိ။
တံခါးနောက်မှ ထွက်လာသောလူပုဂ္ဂိုလ်ကို မြင်လိုက်ရပြီးသည့်နောက် laptop screenကို လုံးဝပိတ်ချလိုက်သည်။ မပိတ်လို့လည်းမရပေ...။ အဘယ်ကြောင့်ဆိုသော် တစ်ဝမ်းသာကွဲသည့် ညီဖြစ်သူသည် သူ့ကို အေးအေးဆေးဆေး အလုပ်လုပ်ခွင့်ပေးမည် မဟုတ်သည်ကို ကြိုသိနေသဖြင့်...။
"တစ်နေကုန်ကို ပျောက်နေတာပဲ...
ဘယ်သွားမယ်ဆိုတာ ဒီအစ်ကို ကို နည်းနည်းပါးပါး ပြောခဲ့ပါလား...
လေးလေးမေးရင်...ငါ့မှာ မနှိုင်းကောင်း၊နှိုင်းကောင်း ခွေးအကြီးလှည်းနင်းခံရသလိုပဲ..."
နေဝေသော်သည် တဟားဟားနှင့် အော်ရယ်ရင်း တည်တံ့သစ္စာ၏အလုပ်စားပွဲရှေ့ကခုံတွင် ဝင်ထိုင်လိုက်သည်။ လက်ညှိုးတွင်ချိတ်ထားသော ကားသော့လေးကို ပတ်ချာလည်အောင် ဆော့ကစားနေသလို၊ ထိုင်ခုံကိုလည်း ဟိုဘက်၊ဒီဘက် ယမ်းနေလေသည်။
"ပါးပါးကလည်း အခုတလော ငါ့ကိုမျက်စိအောက်က အပျောက်မခံတော့...ကိုယ့်ကိုယ့်ကိုယ် အပျိုလေးတစ်ယောက်လို ခံစားနေရတယ်..."
သူ့ဟာသူပြောပြီး တစ်ယောက်တည်းရယ်နေပြန်သော အငယ်လေး....။ တစ်ခုခုတော့ထူးလာသည်ဟု ကျွန်တော့စိတ်ထဲ အတတ်သိလိုက်သည်နှင့်....။
"ဘာလဲ...ပျော်စရာကိစ္စများရှိလာလား...
မင်းပုံစံကိုကြည့်ရတာ ပြုံးပျော်ပြီး အရောင်တွေ တောက်နေတယ်..."
"ဟား...ဟား...သိသာနေတာလား...."
"ငါမှန်းပြီးပြောလိုက်တာပါ...ကြည့်ရတာ
နန္ဒသွေးနဲ့ အဆင်ပြေနေပြီထင်တယ်..ငါပြောတာဟုတ်လား
အငယ်လေး..."
စက္ကန့်ပိုင်းလောက် မြင်လိုက်ရသော အပြုံးယဲ့ယဲ့ကြောင့် စိတ်ထဲထင့်သွားသည်။ မျက်စိရှေ့မှာမြင်နေရတဲ့ ပျော်ရွှင်မှုတွေက ဟန်ဆောင်ထားတာ ဖြစ်နေမလားဟု....။ အငယ်လေးရဲ့ အကျင့်စရိုက်နှင့်အမူအရာကအစ အတွင်းသိ၊အဆင်းသိလိုဖြစ်နေသော ကျွန်တော်တောင် သူ့ကိုတစ်ခါတစ်ခါ မခန့်မှန်းနိုင်အောင် စိတ်ကိုကွယ်ဝှက်သည့် နေရာမှာသိပ်တော်လွန်းတဲ့သူ...။
တစ်ခါတလေကျတော့လည်း သူ့စိတ်အရင်းခံကို ဖုံးဖိမရအောင် မြင်နေရတတ်သည်။