အပိုင်း(၁၉)(Unicode)
2.2K 199 5
"မောင်း......"
"ဘယ်ကိုလဲ...."
"လမ်းရောက်မှ ပြောမယ်ကွာ...."
ငိုင်တိငိုင်တိုင်ဖြစ်နေသော ကူးလေးရဲ့အခြေအနေကို ဖြေဖျောက်ပေးရန် အကြံရလာသဖြင့် ကားစက်နှိုးခိုင်းလိုက်သည်။ ပြန်ကြည့်လာသော မျက်ဝန်းတို့က သိသိသာသာကိုညှိုးနွမ်းနေ၍....။
သူကျွန်တော့ကို အစ်ကိုတို့ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမမေး...။ ဒီလိုမမေးသည်ကပင် ကျွန်တော့ရင်ကိုဓားပါးပါးနှင့် လှီးနေသကဲ့သို့ နာကျင်ရသောအခြေအနေကို ဖြစ်စေသည်။ သူမေးလာခဲ့လျှင်လည်း ရယ်ရယ်မောမောနှင့် ပြန်ဖြေနိုင်စွမ်း ကျွန်တော့မှာ ရှိမည်မဟုတ်....။
တကယ်ကိုပင် ခက်ခဲလှသော အခြေအနေကြီးတွင် မှိုင်ကျနေသော ကူးလေးမျက်နှာနှင့် အလားတူသဏ္ဍာန် ပုံရိပ်မျိုး ကျွန်တော့မျက်နှာထက်တွင်လည်း ထင်ဟပ်နေပါသည်။
ကုမ္ပဏီဂိတ်ပေါက်ဝအရောက်တွင် သည်းထိပ်ရင်ဖိုဖြစ်ရပ်တစ်ခုကို လျှပ်တပြက်အတွင်း ကြုံတွေ့လိုက်ရသည်။
"ကူးလေး....ဘရိတ်...ဘရိတ်နင်း....."
ထိတ်လန့်သွားသော.ကျွန်တော့အသံကြောင့် သူသတိပြန်ဝင်လာအပြီး ခပ်ကြမ်းကြမ်းရပ်သွားသော ကားလေးထဲတွင် နှစ်ယောက်သားက အသက်ရှူသံပြင်း၍ကျန်ရစ်ခဲ့သည်။
ကွေ့ဝင်လာသောကားကိုပင် သတိမပြုမိသည်အထိ စိတ်တွေလွတ်သွားရအောင် ရည်မွန်ဆိုသောကောင်မလေးက သူ့အတွက် ဒီလောက်တောင် အရေးပါတာလား....။
"စိတ်နဲ့လူနဲ့လည်း ကပ်ထားဦး...ကူးလေး...တောက်
တကယ်ပဲကွာ...မင်း..ဒီဘက်မှာပဲလာထိုင်တော့...ငါမောင်းမယ်...."
အသက်အန္တရာယ်ပါထိခိုက်ခါနီး အခြေအနေ ဖြစ်သွားသည့်အတွက် အသံပါမာသွားမိသည်။ စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ထားသူက ဖယ်မပေးချင်သည့်အလား ရှေ့တည့်တည့်ကိုသာ မျက်နှာမလွှဲဘဲငေးနေသည်။
ကတုန်ကယင်ဖြစ်နေသော လက်နှစ်ဖက်ကိုမြင်မိသည့်အချိန် နောက်တစ်ကြိမ် တောက်ခတ်သံကလွှတ်ကနဲ....။
"တောက်...ငါကွာ...."
ဒီတစ်ခါတော့ ကိုယ့်ဘာသာကိုယ် မကျေမနပ်ဖြစ်မိတာ...။ ကူးလေးတစ်ယောက် ဒီလိုပုံစံဖြစ်နေမယ်မှန်းသာသိရင် အစ်ကို့ကို မြှောက်ပေးခဲ့မိမှာ မဟုတ်ဘူး....။