အပိုင်း(၁၄)(Unicode)
2.3K 207 3
"ဧည့်သည်ကို အပြင်မှာတစ်ယောက်တည်း ထားရတာ...အားနာစရာကြီး...သွား...ဒီမှာ
ဘွားဘွားတစ်ယောက်တည်းလည်း အဆင်ပြေတယ်...."
အိမ်နောက်ဖေးမှာတင် ယောင်လည်လည်လုပ်နေသည့် ကျွန်တော့ကို ဘွားဘွားကအတင်းနှင်လွှတ်သည်။ မလှမ်းချင်၊လှမ်းချင်ဖြစ်နေသော ကျွန်တော့ခြေလှမ်းတွေသည် နောက်ဆုံးတော့လည်း နေဝေသော့်ဘေးက ထိုင်ခုံနားတွင် အဆုံးသတ်ရသည်ပင်။
ကျွန်တော်ထွက်လာတာကိုမြင်မြင်ချင်း ယပ်ခတ်နေရာမှရပ်ပြီး အိုးတိုးအမ်းတမ်းပုံစံဖြစ်သွားသည်ကရော ကျွန်တော့ စိတ်ထင်ပဲလားမသိ။သူ့ဘေးတွင် ကျွန်တော် ဝင်ထိုင်လိုက်သောအခါမှ နဂိုပုံစံအတိုင်းရယ်ရယ်မောမော ပြန်ဖြစ်သွားပြီးနောက် ရုတ်တရက်ဆိုသလို ကိုယ့်လက်မောင်းကိုယ် ဖြတ်ရိုက်လိုက်သူသည် မျက်နှာမှာလည်း ဟန်မဆောင်နိုင်အောင် ပျက်ယွင်းနေလျှက်....။
"သောက်ခြင်တွေ...ငါ့ကို
ဒေါသထွက်အောင် လုပ်နေတာ..."
ပထမတော့ ဘာဖြစ်သွားမှန်းမသိ၍ ကြောင်ပြီးကြည့်နေမိသော်လည်း...ခန္ဓာကိုယ်ပတ်ပတ်လည်သို့ ယပ်တောင်နှင့် ဒေါသတကြီးပုတ်ခတ်ကာ မကျေမနပ် ရေရွတ်နေသူကြောင့် စားပွဲခုံပေါ်က ယပ်တောင်တစ်လက်ယူကာ ခြင်တွေကိုဝိုင်းမောင်း ပေးရသည်။
အသားဖြူသူမို့ အကျႌလွတ်နေသော တံတောင်ဆစ်မှ လက်ချောင်းဖျားထိ နေရာဧရိယာတွင် နီနီရဲရဲအမှတ် ကလေးများကို ထင်ထင်ရှားရှားတွေ့မြင်လိုက်ရသည်နှင့် ဘယ်သူမှမစေခိုင်းရပါဘဲ ထုံးပြေးယူပြီး ခြင်ကိုက်ဖုလေးတွေကို တို့ပေးလိုက်ပါသည်။
"ကျေးဇူးပဲ....."
ခပ်တိုးတိုးစကားသံကြားမှ ခေါင်းမော့ကြည့်မိသည်။ အဓိပ္ပါယ်များစွာရောစွက်နေသည့် နေဝေသော့်အပြုံးတွေက ကျွန်တော့ကို မလုံမလဲ ဖြစ်စေသည်။ သေချာသတိပြုမိသော အချိန်တွင် ကျွန်တော့လက်ဖဝါးထဲ၌ လက်စွပ်အပြည့် ဝတ်ထားသော လက်တစ်ဖက်ရောက်လို့နေသည်။ ခြင်ကိုက်ဖုတွေကို ထုံးနဲ့တို့ပေးနေတဲ့အချိန်တုန်းက ယောင်ယမ်းပြီး ကိုင်ထားမိတာဖြစ်မည်။