အပိုင်း(၅)(Unicode)
3.1K 287 4
"ခဏ....မချနဲ့ဦး...
ငါတစ်ခုပြောဖို့....မင်းစိတ်ပြောင်းလို့တော့ မရဘူးနော်...နန္ဒသွေး...
ငါစာချူပ်နဲ့သေချာလုပ်မှာမို့လို့...
ငါ့ဆီမှာ အလုပ်ဝင်ပြီးတာနဲ့ ထွက်ချင်တိုင်းလည်း ထွက်လို့မရဘူး...ကြိုပြောထား..."
companyကပေးထားသည့်ဖုန်းမို့ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပတ်သတ်ပြီး ဖုန်းအဆက်အသွယ်လုပ်၍ မဖြစ်တာကြောင့် နေဝေသော်ထံမှ ပြောစရာစကားမဆုံးခင်ပင်
ဖုန်းချပစ်လိုက်ပါသည်။
နန္ဒသွေးသည် ကိုယ့်အခက်အခဲနှင့်ကိုယ်မို့ နေဝေသော်၏ကမ်းလှမ်းချက်ကို လက်ခံလိုက်ရသော်လည်း စိတ်ထဲတွင်တော့ သင်္ကာမကင်းဖြစ်နေမိပါသည်။ သို့သော်လည်း ယခုအလုပ်ထက် လစာနှစ်ဆပိုရမည် ဖြစ်သည့်အတွက် ဒေါ်မိဆွေ၏တောင်းဆိုချက်အတွက်တော့ ရင်အေးသွားသည်။
ရည်မွန့်မျက်နှာလေးကို တွေ့ရဖို့အခွင့်အရေး နည်းသွားသည့်အတွက် စိတ်မကောင်းဖြစ်မိသော်လည်း အစကတည်းက နန္ဒသွေးဆိုသော HIVရောဂါသည် ကောင်လေးတစ်ယောက်အတွက် နှလုံးသားရေးရာ ကိစ္စဆိုသည်မှာ မိုးပေါ်ကကြယ်ကို ဆွတ်ခူးတာထက်ပင် ခက်ခဲနေသောအရာ ဖြစ်သဖြင့် လက်လျှော့ဖို့ကိုသာ စဉ်းစားခဲ့ရပါသည်။
ရည်မွန်..........။
သူမကတော့ ထုံးစံအတိုင်းပင် နန္ဒသွေးကားမောင်းနေစဉ် တစ်လျှောက်လုံး စောင်းငဲ့ကြည့်ကာဖြင့် သူမ၏ စိတ်သဘောထားကို ပြသနေသော်ငြား ယောကျ်ားလေးဘက်က တုတ်တုတ်မျှ
မလှုပ်သဖြင့် မိန်းကလေးတစ်ယောက်၏ အိန္ဒြေကို စောင့်ထိန်းရန်အတွက် ရှေ့ဆက်မတိုးမိပါချေ။
companyကိုရောက်ပြီး ဝန်ထမ်းတွေအားလုံး ကားပေါ်ကအဆင်းတွင် ရည်မွန့်ထံမှ ကြားနေကျဖြစ်သော နှုတ်ဆက်စကားသံကို နန္ဒသွေးမကြားခဲ့ရပါ...။ အထပ်မြင့်အဆောက်အဦးကြီးထဲ ဝင်သွားသော သူမနောက်ကျောပြင်ကိုသာကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ် ချကာ ခပ်တိုးတိုးရေရွတ်ခဲ့ရသည်။
"ငါက သန့်စင်တဲ့သူတစ်ယောက် မဟုတ်လို့...
မင်းကို ဒုက္ခမပေးချင်ဘူး ရည်မွန်ရယ်..."
ရာသီဥတုအပူထက် နန္ဒသွေးရင်ထဲကအပူက ပိုများနေမည်ထင်ပါသည်။ စတီယာရင်ပေါ်သို့ ခေါင်းမှောက်ချလိုက်သော ကောင်လေး၏လက်တွေမှာ ခေါင်းနောက်ဘက်က ဆံပင်ရှည်တို့ကို ခပ်တင်းတင်း ဆွဲဆုတ်မိလျှက်....။