အပိုင်း(၇)(Unicode)
2.7K 243 2
"မင်းသိစေချင်တာကို ငါ့ကိုပြောပြမှပေါ့...
ငါကတော့...ငါမြင်နေရတဲ့မင်းကိုပဲ..."
ဒေါသမာန်နှင့်တင်းမာနေသော နန္ဒသွေး၏ မျက်လုံးများသည် ထိုစကားကြားလိုက်ရသည်နှင့် ချက်ချင်းပင် ညှိုးနွမ်းသွားပြီး နေဝေသော်၏အကျႌကော်လံစကို ကိုင်ထားသည့် လက်တစ်စုံမှာလည်း တဖြည်းဖြည်း အားအင်ယုတ် လျော့သွားပါသည်။
နေဝေသော်တစ်ယောက် စကားထပ်ပြောမည်ကြံခဲ့သော်လည်း နန္ဒသွေးက ကားအပြင်ဘက်သို့ ထွက်သွားပြီ ဖြစ်သဖြင့် တားမြစ်ဖို့အချိန်မရလိုက်...။
နားလည်ရခက်လိုက်တာ...နန္ဒသွေးရာ....
တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်မိပြီး ကားကိုမှီကာ ရပ်နေသောနန္ဒသွေးကို အထဲကနေသာ ကြည့်နေခဲ့တော့သည်။
မင်းသာငါ့အကြောင်းသိရင် နောင်တရမယ်ချည်းသာ ပြောနေသော နန္ဒသွေးကြောင့် နေဝေသော် ခေါင်းစားမိနေသည်။
ဘာအကြောင်းကိုသိရင် ဘယ်လိုနောင်တရမှာလဲ....
နေဝေသော် စဉ်းစားနေသည်ကအမျိုးစုံသည်။
နန္ဒသွေးမှာ အိမ်ထောင်ရှိနေ၍လား...။
ပထမတစ်ချက်က မဖြစ်နိုင်။ ကိုယ်ရေးအကျဉ်းထဲမှာ လူပျိုဟု ဖော်ပြထားပြီးသား...။
ဒါမှမဟုတ် နန္ဒသွေးဆီမှာ လူသိမခံဝံ့သော ရာဇဝတ်မှုများ ရှိနေ၍လား....။
ဒုတိယအချက်ကိုလည်း မဖြစ်နိုင်ဆိုကာ ခေါင်းခါမိပါသည်။ မျက်နှာကြည့်ရုံနှင့် လူကောင်း၊လူဆိုး ခွဲခြားနိုင်သော နေဝေသော်၏အမြင်အရ အကြည်ဓာတ်လေးရှိနေသည့် နန္ဒသွေး၏ဥပဓိရုပ်သည် ဘယ်နည်းနှင့်မှ လူဆိုးတစ်ယောက် မဖြစ်နိုင်။
ထိုစဉ် နန္ဒသွေး၏ စကားတစ်ချို့ကို ကြားယောင်လာပြန်သည်။
"ငါကိုယ်တိုင်တောင် မိန်းကလေးတစ်ယောက်ကို
ချစ်ပါတယ်လို့ ပြောဖို့ခဲယဉ်းနေတဲ့ အခြေအနေမျိုးမှာ..."
ဒါကရော....ဘာသဘောလဲ.....
သူ့မှာ စိတ်ဝင်စားနေတဲ့ မိန်းကလေးရှိနေတာလား...
ဟုတ်ပါတယ် ရှိနေတယ်...
ဒါပေမဲ့ ချစ်တယ်လို့ ပြောဖို့ခဲယဉ်းနေတာ ဘာဖြစ်လို့လဲ...