1919 March 1st movement

17.9K 1K 19
                                    

🔔 All characters and events in this story are entirely fictional 🔔

အချစ်က စစ်လိုပါပဲ ရှိရို ! စဖို့ ကတော့ လွယ်တယ်
အဆုံးသတ်ဖို့တော့ ခဲယဉ်းသတဲ့။
ကိုကို့ရဲ့ လွတ်လပ်ရေး က မင်း ပါ ။
💬

ဥရောပရဲ့ အရိပ်ကို ထိုးဖောက်ဖို့ ဂျပန်အင်ပါယာရဲ့ မယ်ဂျီလှုပ်ရှားမှုတွေထဲမှာ ဂျိုစွန်းကိုးရီးယား သည် လွယ်မလို ရှုပ်သည့် နှစ်နိုင်ငံပူးပေါင်းခြင်းစာချုပ်တစ်ဖြစ်လည်း
ဂန်းဟွကျွန်းစုစာချုပ် ဂျပန်-ကိုရီးယား နှစ်နိုင်ငံသလောတူစာချုပ် ကို ၁၈၇၆ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရေးထိုးခဲ့သည်။ စာချုပ်အကျုံးဝင်သည့် ထိုနေ့တွင် ကိုရီးယား၏ နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုအထွေထွေ သည် ဂျပန်အင်ပါယာ လွှမ်းမိုးမှုအောက် ပူးပေါင်း ကျရောက်သည်။ ၁၉၀၅ ဂျပန်-ကိုရီးယားနှစ်နိုင်ငံ စာချုပ် ထပ်မံချုပ်ဆိုခြင်းတွင် တော့ ကိုရီးယားအင်ပါယာသည် ဂျပန်၏ အထိန်းသိမ်းခံနိုင်ငံတစ်နိုင်ငံ အဖြစ် ဖော်ပြခြင်းခံရပြီး နိုင်ငံသည်လည်း ဂျပန်အင်ပါယာ၏ သွယ်ဝိုက်အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ ကိုရီးယားလူမျိူးအများစု အလိုမရှိသော အပြာခံပေါ် ထပ်အုပ်ထားသည့် ဂျပန်အလံကိုလွင့်ထူ၍ ကိုရီးယားနေ ဂျပန် အထွေထွေအုပ်ချုပ်ရေးကိုစတင်ခဲ့သည်။ ၁၉၁၀ ဂျပန်-ကိုရီးယားစာချုပ် ကိုတော့ ဂျပန်အင်ပါယာသည် ကိုရီးယားနိုင်ငံ့ ဘုရင်မင်းမြတ် ဂိုဂျောင်း နှင့် အစားအုပ်ချုပ်သူဘုရင် စွန်ဂျောင်းတို့၏ သဘောတူညီချက်မပါပဲ ချုပ်ဆိုခဲ့သည်။ ထို့နောက် ကိုရီးယားနိုင်ငံတော်သည် ဂျပန်၏ ကိုလိုနီပြုခြင်းအလုံးစုံ ခံခဲ့ရသည်။

၁၉၁၉ မတ်လ ၁ ရက်နေ့တွင် ဂျပန်ကိုလိုနီ တို့ကို ဆန့်ကျင့်သည့် လွတ်လပ်ရေးလှုပ်ရှားမှုတစ်ခု စတင်သည်။
ရထားသံလမ်းပေါ်တွင် စာတမ်းရှည်တို့ကို ဝါးလုံးတုတ်တွင်ထိုး၍ အော်ဟစ်နေသော လူငယ်တချို့ရှိသည်။
မီးခို့ငွေ့တို့ သမ်းသော ယမ်းနံ့လို့လွှမ်း‎သော မြေပြင်တွင် အတုံးအရုံးလဲပြိုနေသော အလောင်းများရှိသည်။
လက်ရိုက်တုတ်အတုတ်ကြီးများဖြင့် ကျောင်းသားများကို ရိုက်နှက်နေသော ဂျပန်စစ်သားများရှိသည်။
ငိုယိုသံများရှိသည်။ ဆဲဆိုသံများရှိသည်။
ဤ ဆမ်အီလှုပ်ရှားမှု တစ်ဖြစ်လည်း မန်ဆယ် ဆန္ဒပြပွဲ အဆုံး သေဆုံးသူ ကိုရီးယားလူမျိုး ထောင်ချီ ဒဏ်ရာရသူ သောင်းချီ ရှိခဲ့သည်။

Ab imo pectoreWhere stories live. Discover now