Pyongyang was named Heijo under Japanese colonial rule

3.9K 777 8
                                    

" ငါ နဲ့ ဘွားဘွား ကို နည်းနည်းလေးတောင် အားမနာဘူးတဲ့လား ရှိရို "

ဘတ်ဟျွန်းက ချန်ယောရဲ့‎ အရှေ့မှာ ဒူးထောက်ထိုင်နေရင်း ခေါင်းကို ကြမ်းနဲ့ထိ မတတ် ငုံ့ထားမိသည်။
ချန်ယောသည် ထင်ထားသလို ဘတ်ဟျွန်းအား ဒေါသမထွက်ခဲ့သလို ရိုက်နှက်ကြိမ်းမောင်းခြင်းမပြုခဲ့ပါ။
ထိုအစား ချန်ယောသည် ပိုပြီးကြီးလေးသော အပြစ်ဒဏ်ကိုပြုံးပြုံးလေးချမှတ်လိုက်သည်။
တောင်ပိုင်း ဂယောင်ဆောင်း မြို့ကနေ လကုန်တာနဲ့ ထွက်သွားပြီး မြောက်ပိုင်း ဟိုင်ဂျို မြို့မှာ သွားနေဖို့ ။
💬
၁၈၇၀ ရှေ့ပိုင်း ဂျိုစွန်းကိုရီးယား၏ အဓိက ကုန်သွယ်ရေး ပြည်ပနိုင်ငံသည် မန်ချုး တရုတ် နိုင်ငံဖြစ်သည်။ ၁၈၇၀ နောက်ပိုင်း နည်းပညာပိုင်းဖွံ့ဖြိုးတိုးတက်လာသော ဂျပန်က ကိုရီးယား၏ ရေမြေအနေအထားနှင့် ကျောက်မီးသွေး၊ သံ တွင်းထွက်ပစ္စည်း များကို မျက်စိကျလာချိန်လည်းဖြစ်သည်။ ဂျိုဆွန်းဘုရင်အား တရုတ်နှင့် အဆက်အသွယ်ကိုရှင်း၍ ဂျပန်နှင့် ကုန်သွယ်ဖို့ ကမ်းလှမ်းဖိအားပေးခြင်းများ စလာသည့်အချိန်တွင်
ပဲကြီးလှော်ကြား ညှပ်သည့်ဆားသည် ဂျိုစွန်းကိုရီးယားဖြစ်ခဲ့သည်။ ကိုရီးယားကို တည်ကြက်ထား၍ တအုံနွေးနွေး ရန်စမှုများ တရုတ်နှင့်ဂျပန်ကြားဖြစ်ပေါ်ခဲ့သော်လည်း နှစ်နိုင်ငံသည် စစ်မဖြစ်ရ သဘောတူညီချက်နှင့် ငြိမ်းချမ်းခြင်းကို ထိန်းသိမ်းထားခဲ့သေးသည်။ ဂျိုဆွန်းတော်ဝင်မိသားစု ၏ မိတ်ဆွေကောင်း ဖြစ်သော မန်ချူးတို့၏လွှမ်းမိုးမှုသည် နည်းပညာတိုးတက်သော ဂျပန်ရဲ့ လွှမ်းမိုးမှုလောက် အားမကောင်းခဲ့ပါ။ ၁၈၉၄ တွင် တရုတ်ပြည်ရှန်ဟိုင်းရောက် ဂျပန်ကိုရီးယားကပြား ဗိုလ်မှုးတစ်ယောက် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး စစ်သင်္ဘောဖြင့် အလောင်းကို ကိုရီးယားနိုင်ငံသို့ ပြန်လည်ပို့ပေးလိုက်ခြင်းသည် တရုတ်တို့ဖက်မှ ဂျပန်တို့အား စိန်ခေါ်ခြင်းတစ်ရပ်အသွင်ဆောင် ပြီး ကိုရီးယားနေ ဂျပန်လူမျိူး တစ်စု စတင်အုံကြွလာကြသည်။
ထိုမှစ၍ ပထမအကြိမ် ဆိုင်နို(တရုတ်)-ဂျပန်စစ်ပွဲစသည်။ ၉ လနီးနီး ကြာရှည်သော စစ်ပွဲအဆုံးတွင် ဂျပန်တို့သည် မန်ချူးတရုတ်တို့ကို အပြတ်သတ်အနိုင်ရခဲ့ကာ
ကိုရီးယားနှင့်လွတ်လပ်စွာ စီးပွားပူးပေါင်းစာချုပ်ကို စတင်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
ပထမကြိမ် စာချုပ် ၁၈၇၆ တွင် ဂျပန်သည် ဂျိုစွန်းကိုရီးယားနှင့်ပူးပေါင်းသည်ဟု အမည်ခံသည်။
ဒုတိယကြိမ် စာချုပ် ၁၉၀၅ တွင် ဂျိုစွန်းကိုရီးယားသည် ဂျပန်၏ အထိန်းသိမ်းခံ နိုင်ငံ သာ အမည်တွင်တော့သည်။
တတိယကြိမ် ၁၉၁၀ တွင်တော့ ဂျပန်သည် ကိုရီးယားအား အလုံးစုံသိမ်းပိုက် ကိုလိုနီဝါဒ ဖြင့် အုပ်ချုပ်လိုက်ပြီးဖြစ်သည်။
ထို့နောက်တွင်တော့
ဂျပန်အင်ပါယာမင်းဆက် ၏ ၅၁ ယောက်မြောက် ဖြစ်သည့် ဟိုင်ဂျိုဧကရာဇ်ကို တမ်းတသော အားဖြင့်
ကိုလိုနီဂျပန်တို့သည် ကိုရီးယားနိုင်ငံ၏ မြောက်ပိုင်းတွင်တည်ရှိသည့် ပြုံးယမ်း မြို့ကြီးကို ဟိုင်ဂျိုမြို့ ဟု နာမည်ပေးပြောင်းလဲ ခေါ်တွင်စေခဲ့သည်။
ပထမအကြိမ် ဆိုင်နို - ဂျပန် စစ်ပွဲ ကြီးအပြီးတွင် ပျက်စီးသွားသော ကိုရီးယားမြောက်ပိုင်းကို ပြန်လည်ထူထောင်ရန် ဂျပန်တို့က စက်မှုလုပ်ငန်းများကို အသားပေးစတင်ကြသည်။
ဂျပန်သည် တရုတ်ပြည်အရှေ့မြောက်ဒေသ မှ ရထားသံလမ်းနှင့် မြို့နယ် တို့ကို နယ်ချဲ့သိမ်းပိုက်ရန်အတွက် ကိုရီးယားမြေနှင့်ကိုရီးယားလုပ်အားကို အသုံးချခြင်းသက်သက်သာဖြစ်သည်။
💬
၁၉၃၅ ဟိုင်ဂျိုမြို့ကို ဘတ်ဟျွန်းစရောက်တော့ အသက် ၁၆ နှစ်သာရှိသေးသည်။ ကျွန်ပြုခံရသော ကိုရီးယားလူငယ်အများစုသည် စက်ရုံများတွင် မတန်မရာ လခ ဖြင့်ရုန်းကန်နေရသော်လည်း ဘတ်ဟျွန်းသည်တော့ ဂျပန်တပ်မှုးတစ်ယောက်ရဲ့ ထောက်ခံချက်ဖြင့် သက်တောင့်သက်သာ အနေအထားတစ်ခုမှာ နေရသည်။

Ab imo pectoreWhere stories live. Discover now