A message via the Voice Of Free Korea

3.2K 746 36
                                    

နွေရာသီရဲ့ ပင်လယ်ကမ်းခြေ
မိုးရာသီရဲ့ပင်လယ်ကမ်းခြေ
ဆောင်းရာသီရဲ့ ပင်လယ်ကမ်းခြေ
ဘာတွေများကွာခြားပါသလဲ ?
💬

ကိုရီးယား ကနေ ထွက်ခွာဖို့အဆင်သင့်ဖြစ်နေတဲ့ သင်္ဘောကြီးကို ငေးရင်း သူ လာရာ လမ်းကိုပြန်ငေးကြည့်မိတယ်

သူတို့ ဘယ်လောက်ကြာကြာ ဝေးနေရဦးမလဲ ?

" အားလုံးပြီးသွားတဲ့အခါ ၊ ချန်ယောနဲ့ ဘတ်ဟျွန်းပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ် "

စီးပွားရေး လောကထဲက ကိုကို့ရဲ့မိတ်ဆွေ ဖြစ်ဟန်တူသူက သင်္ဘော ပေါ်တက်ဖို့ သူ့ရဲမိသားစုကို လမ်းပြရင်း ဘတ်ဟျွန်း ကိုလာရောက်နှုတ်ဆက်သည်။
ချီပွေ့ထားတဲ့ကလေးပေါက်စလေးက ထိုသူ့ရဲ့ပခုံးပေါ်မှာ  နှစ်ခြိုက်စွာ အိပ်ပျော်နေတုန်းပဲ။ မိုးဖွဲသေးသေးလေးတွေကို ကာထားတဲ့ ပလက်စတစ်အိတ်စလေးဟာ ကလေးငယ်အပေါ် လုံလုံခြုံခြုံလွှမ်းအုပ်ထားသည်။
သူတို့မိသားစု နှုတ်ဆက်ထွက်ခွာသွားတဲ့အခါ သူက ကျောပြင်တွေကို ငေးမောရင်း ဆိပ်ခံဖော့တုံးကြီးပေါ်မှာ တွေဝေရပ်တန့်နေမိတယ်။

အနည်းဆုံးတော့ သူတို့မှာဆွဲထားစရာလက်တွေနဲ့
မှီခိုစရာပခုံးတွေရှိနေခဲ့တာပဲ။
သူ့မှာသာ ...

နှာခေါင်းအထက်နားက စူးကနဲခံစားချက်တွေစု လာပြီး မျက်ဝန်းတွေ မှာ ပူနွေးနွေးမျက်ရည်တို့ပြည့်အိုင်လာတဲ့အခါ  မျက်ရည်ပေါက်တွေလိမ့်ကျမလာစေဖို့ ကောင်းကင်ကိုမော့ကြည့်လိုက်မိသည်။
သူခြုံထားတဲ့ ထူထူထဲထဲ ကုတ်အင်္ကျီအကြီးကြီး ကြောင့် မထိတွေ့ရသေးတဲ့ မိုးစက်တို့ က မျက်နှာပေါ်အနှံ့ကျလာတဲ့အခါ ထိန်းထားတဲ့မျက်ရည်တို့ က လျှံကျလာပြီး နားသယ်စပ်ကတဆင့် နားရွက်တွေဆီ ပြေးခုန်ကျသွားကြသည်။

"မငိုပါနဲ့ ၊ ကျေးဇူးပြုပြီး မငိုပါနဲ့ လား ၊ ကိုကိုက သေချာပေါက်ပြန်လာမှာပါ"

တစ်ကိုယ်တည်း အားပေးရင်း မျက်ရည်တွေကို လက်ခုံနဲ့ မြန်မြန် သုတ်ပစ်လိုက်ကာ အသက်ကိုပြင်းပြင်းရှိုက်ရှုလိုက်တယ် ။ မငိုပါနဲ့ ၊ တစ်ယောက်တည်းဖြစ်နေခဲ့တာ ဒါ ပထမဆုံးအကြိမ်လည်းမဟုတ်ဘူးမလား၊
လက်ထဲမှာ မလွတ်တမ်းပွေ့ပိုက်ထားတဲ့သေတ္တာလေးကိုပဲ ပိုပိုတင်းကျပ်အောင်ပွေ့ဖက်ရင်း သူ့ခြေလှမ်းတွေကို ရွေ့လျားလိုက်စေသည်။ဒါပေမဲ့လည်း ...

Ab imo pectoreWhere stories live. Discover now