Third Way Back Home with a lip smell of Rain

4.4K 858 134
                                    

ရင်းနှီးနေခဲ့တဲ့ လမ်းမပေါ် ခြေချလိုက်ကတည်းက ဘတ်ဟျွန်းရဲ့ ရင်ထဲ လိပ်ပြာလေးတွေပျံနေသလို ပျော်မြူးလို့ ခြေလှမ်းတွေက တက်ကြွနေသည်။ ဖက်ဆစ်ဝါဒ ဂျပန်တွေလက်အောက်က လွတ်မြောက်ပြီဖြစ်သည်။ မနေ့ညက ရွာထားတဲ့ မိုးပြင်းပြင်းကြောင့် သစ်ကိုင်းများလမ်းမပေါ် ကျိုးကျ နေသည်။
တုတ်ကောက်တစ်ခြောင်းနှင့်အဘိုးအိုတစ်ယောက် လမ်းလျှောက်နေသည်။ နောက်က တကောက်ကောက်လိုက်နေသော ခွေးလေးတစ်ကောင်ရှိသည်။
ဒီမြင်ကွင်းသည် သူ အိမ်ကစတင် ထွက်သွားခဲ့သည့် ညနေ နှင့် တစ်ထပ်တည်းကျသော မြင်ကွင်းတစ်ခုဖြစ်သည်။
တဒိတ်ဒိတ်ခုန်လာသော နှလုံးသားနှင့် အိမ်ကို အမြန်လေးပြန်ရောက်ချင်လာတာမို့ ခြေလှမ်းတို့ကို ခပ်သွက်သွက်လှမ်းလိုက်သည်။

ကိုကို ဘာလုပ်မနေလဲ စိတ်ကူးယဉ် ကြည့်မိသည်။
စီးကရက်တစ်လိပ် ဖွာရှိုက်ပြီး ငြိမ်ငြိမ်ပဲထိုင်စောင့်နေမလား ၊ ဒါမှမဟုတ် ၊ သူ့အလုပ်တွေပဲ သူ ကုန်းလုပ်နေဦးမလား ။
အုံ့ဆိုင်းနေသော တိမ်တိုက်တို့သည် မိုးမွှားလေးတွေအဖြစ် စတင် ကျဆင်းလာသည်။ လျှပ်စီးတွေလက်ကနဲ ဖြစ်သွားတဲ့နောက် ဘတ်ဟျွန်းရဲ့မျက်ဝန်းထဲသို့ ခပ်ဝါးဝါးအရိပ်လေးတစ်ခု ဝိုးတဝါးဝင်ရောက်လာခဲ့သည်။

လမ်းထိပ်အကွေ့လေးရဲ့ ထောင့်မှာ အနက်ရောင် ထီးတစ်လက်ကို ကိုင်ပြီး ရပ်စောင့်နေခဲ့သူတစ်ယောက်ရှိသည်။

သူ့ရဲ့အတွေးတွေထဲ အမြဲရှိနေခဲ့သော ထိုသူသည်
ပေါ့ပါးသော ချည်သား ဘောင်းဘီရှည်တစ်ထည်ကို ရှပ်အင်္ကျီ အနီညိုရောင် ဖြင့်တွဲဝတ်ထားကာ သူရှိရာအရပ်သို့ ငေးမောနေခဲ့သည်။
မိုးရေရွှံဗွက်များကြောင့် ထိုသူစီးထားသော ရှုးဖိနပ်အနက်ရောင်သည် ထိပ်ဖျားတို့ ပေ ပွနေသည်။
စိုစွတ်နေသော မြေသားများကို နင်းဖြတ်ပြီး တရွေ့ရွေ့တိုးလာတဲ့အချိန်မှာပဲ မွှားမွှားလေးကျတဲ့မိုးက တဖြေးဖြေးသည်းလာပြီဖြစ်သည်။

"ကိုကို "

ရှေ့တည့်တည့်မှာခြေစုံရပ်လိုက်တဲ့ကိုကိုက ထီးကို ဘတ်ဟျွန်းအပေါ်အုပ်မိုးပေးလိုက်တဲ့အခါ ကျဆင်းလာသော မိုးတို့သည် ကိုကို့ရဲ့တစ်ကိုယ်လုံးပေါ် စတင် စိုရွှဲကုန်တော့သည်။
မိုးချုန်းသံများ က ကောင်းကင်အလွှာမှ အက်ကွဲထွက်လာသလိုထစ်ချုန်းမြည်ဟည်းလာသည်။ ကိုကို က နေရာတွင် တုံ့ဆိုင်းကာ ဘတ်ဟျွန်းကိုပဲ ငေးမောကြည့်နေခဲ့သည်ဖြစ်သည်။

Ab imo pectoreWhere stories live. Discover now